: 16

7.4K 762 6
                                    

Unicode

ပြတင်းပေါက်ကနေဖြာကျလာတဲ့ နေရောင်နုနုကြောင့် ရိပေါ် မျက်လုံးတွေ အရှိန်ယူပြီး ဖွင့်ကြည့်မိတယ် ။ ဘေးနားကို လှည့်ကြည့်မိတော့ မိမိလက်မောင်းကို ခေါင်းလေးခုရင်း တရှူးရှူးအိပ်မောကျနေဆဲဖြစ်တဲ့ ကျန့်ကျန့် ။ ရိပေါ် ဂရုတစိုက်ဖြင့် ကျန့်ကျန့်ခေါင်းအုံးအိပ်နေတဲ့လက်မောင်းကို အသာလေးကြွလိုက်ရင်း ဘေးက alarm မမြည်သေးတဲ့ဖုန်းကို အသာယူလိုက်တယ် ။ ဖုန်းနာရီမှာပြနေတဲ့အချိန်က ၆:၃၀ ။ လေ့လာရေးအတွက် လူစုဖို့ချိန်းထားတာက ၈:၀၀ ။

ညက အစောကြီးအိပ်ထားတာကြောင့် အိပ်ရေးဝလို့ ဆက်အိပ်မရမယ့်အတူတူ ဘေးနားမှာ ကွေးကွေးလေးအိပ်နေတဲ့ တစ်ယောက်သောသူကို ငေးဖို့သာ ရိပေါ်ရွေးချယ််မိတယ် ။

ရိပေါ်ဘက်ကိုမျက်နှာမူလို့ ဖိအိပ်ထားတဲ့ ညာဘက်ပါးတစ်ခြမ်းဟာ အရှေ့ကို ပိုလို့ အိဖောင်းဖောင်းလေး ဖြစ်နေတယ် ။ ငယ်ငယ်တုန်းကအတိုင်း ပါးစပ်လေးဟကာ အားပါးတရအိပ်မောကျနေတဲ့ကျန့်ကျန့်က ယုန်သွားလေးတွေပါ မြင်နေရတာကြောင့် ရိပေါ် သဘောတကျပြုံးလိုက်မိတယ် ။

အဆိုးလေး ။ တကယ့်ကို ငယ်ငယ်ထဲက အဆိုးလေး ။

ဒါပေမယ့် မနေ့ညကတော့ အဆိုးလေးက ဘာဖြစ်မှန်းမသိ ။ရိပေါ်သီချင်းဆိုပြပြီးကတည်းက ရိပေါ်ကို စေ့စေ့မကြည့်တော့ပဲ သူ့ဘာသာသူ ရိပေါ်နားကပ်ထိုင်လို့ ကုပ်ကုပ်လေးငြိမ်နေခဲ့တယ် ။ လေစိမ်းတွေတိုက်လို့ ချမ်းများချမ်းနေလို့လားဆိုပြီး ရိပေါ်မှာ စိတ်ပူပူနဲ့ ဝတ်ထားတဲ့ အပေါ်ဝတ်ကို ကျန့်ကျန့်ကိုယ်ပေါ် ထပ်ခြုံပေးတော့လဲ ရိပေါ်ကို ငြိမ်ငြိမ်လေး ငေးနေပြန်ရော ။

တစ်ခါ ..
နှစ်ယောက်တစ်ခန်းအိပ်ရတဲ့ ဟိုတယ်ခန်းပြန်ရောက်တော့လဲ ခြေလက်တောင်မဆေးဘဲ ကုတင်ပေါ်တန်းပြီးလှဲအိပ်သွားလို့ ရိပေါ်မှာ ရေစိုဝတ်နဲ့ ခြေတွေလက်တွေရေပတ်တိုက်ပေးရပြန်တယ် ။ အဲ့လိုကျတော့လဲ အဆိုးလေးက လက်မခံပြန် ။ ခြေထောက်တွေအတင်းရုန်းလို့ ရိပေါ်ကို သူ့ဘေးလာအိပ်စေတယ် ။ ရိပေါ်လဲ တစ်ညလုံး အမူအရာတွေထူးဆန်းနေတဲ့ ကျန့်ကျန့်ကြောင့် များများစားစားမမေးနေတော့ပဲ သူ့စိတ်ကြိုက် ကုတင်ပေါ်တက်လို့ လက်မောင်းတစ်ဖက်ဆန့်ပေးတော့ အလိုက်တသိ ရင်ခွင်ထဲတိုးလာတယ် ။

Wine (Completed)Donde viven las historias. Descúbrelo ahora