*တစ်ကြော့ပြန်သော သမိုင်းကြောင်း*အပိုင်း ၁ (Z&U)
လွန်ခဲ့သော နှစ်ပေါင်းထောင်ကျော်ခန့်က ဝမ် တိုင်းပြည်တွင် လန် မင်းဆက် အုပ်စိုးခဲ့တယ် ထိုစဉ်ကာလတွင်
အုပ်စိုးသော ဘုရင်မင်းမြတ် လန်ထျန်းရိ မှာ မိဖုရားနှစ်ပါးရှိပြီး မိဖုရားခေါင်နှင့် သားတော် နှစ်ပါး မွေးဖွားခဲ့တယ် သားတော်ကြီးမှာ လန်ရှီးချန်( လန်ဟွမ့်) ဖြစ်ပြီး သားတော်ငယ်မှာ လန်ဝမ့်ကျီး (လန်ကျန့်) ဖြစ်တယ် မင်းကြီးက မိဖုရားခေါင်ကြီးကိုသာ ချစ်မြတ်နိုးတာကြောင့် ကျန်မိဖုရားက အမတ်တစ်ချို့ နဲ့ပူးပေါင်းကာ ပုန်ကန်ခဲ့တယ် အဲဒီ့ပုန်ကန်မှုဟာ မင်းသားငယ် လန်ဝမ့်ကျီးကို အိမ်ရှေ့စံတင်မြှောက်တဲ့ အခမ်းအနားမှာ ပြု လုပ်ခဲ့ခြင်းဖြစ်တယ် မင်းသားကြီး လန်ရှီးချန်က စာပေအနုပညာကိုသာ ဝါသနာထုံပြီး ဦးလေးဖြစ်သူ လန်ချီရန် ရဲ့ပညာသင်ကျောင်းတော်သို့ လိုက်ပါသွားလိုကြောင်းနှင့် အိမ်ရှေ့စံမဖြစ်လိုကြောင်း ပြောသည့်အပြင် နတ်နန်း၏ ဟောပြောချက်ကြောင့် မင်းသားငယ်ကိုသာ အိမ်ရှေ့စံအဖြစ်ချီးမြှောက်စေခဲ့တယ်
မင်းသားငယ် လန့်ဝမ့်ကျီးရဲ့ အသက် ၁၀ နှစ်မှာ အိမ်ရှေ့စံအဖြစ်တင်မြှောက်ခြင်းပွဲကို ပြုလုပ်နေစဉ် မကြာမီအချိန်မှာပဲ ပုန်ကန်မှု စတင်ခဲ့တယ် ပုန်ကန်မှုမှာ မိဖုရားခေါင်းကြီးသေခဲ့တယ် အမတ်တစ်ချို့ လည်းသေခဲ့တယ် အမတ်ကြီးဝေ့ လည်းသေခဲ့ပြီး မိဖုရားခေါင်ကြီးနဲ့ငယ်ရွှယ်စဉ်ကကစားဖော်ကစားဖက်ဖြစ်၍ အထူးဖိတ်ကြားခြင်းခံရသော ဝေ့သခင်မကြီးဟာလည်း လသားအရွှယ် ကလေးငယ်ကို ပိုက်လျက် အသက်ဆုံးရှုံးခဲ့တယ် မင်းကြီးထျန်းရိမှာ ထိုလသားအရွှယ်ဝေ့သခင်ပုစိလေးရဲ့မင်းသားငယ်ကို ပွေ့ပိုက်လျက် အသက်ရှင်ကျန်ခဲ့တယ် ပုန်ကန်သူများကိုလည်း နှိမ်နင်းနိုင်ခဲ့ကြတယ် အလာကောင်းပေမယ့် အခါနှောင်းခဲ့သော စစ်သည်များဟာ တိုင်းပြည်မိခင် မိဖုရားခေါင်ကြီးအတွက် ဝမ်းနည်းကြေကွဲရုံမှတစ်ပါး မတတ်နိုင်ရှာခဲ့ကြ
လန်မင်းကြီးဟာ မိဖုရားခေါင်ကြီးဆုံးပြီး များမကြာမှီမှာပဲ အမတ်များ၏ တောင်းဆိုမှုကြောင့် မိဖုရားခေါင်တစ်ပါး ထပ်တင်မြှောက်ခဲ့ရတယ် သို့သော်မင်းကြီးက အမတ်တို့ရဲ့ သမီးများကို မရွေးချယ်ပဲ ပထမ မိဖုရားခေါင်ကြီးရဲ့ညီမဖြစ်သူ ဝမ်ချီရီ ကို မိဖုရားခေါင်အဖြစ်တင်မြှောက်ခဲ့တယ် မင်းကြီး၏ အပူကို သိသော ချီရီက လက်ခံခဲ့ပေမယ့်သူမဟာ အစ်မဖြစ်သူအပေါ်သစ္စာမဖောက်ခဲ့ဘူး မင်းကြီးဟာလည်း သူမကို နှမတော် အဖြစ်သာ ဆက်ဆံခဲ့တယ် သူမက မင်းသားငယ်အပေါ် မိခင်တာဝန်ကျေပွန်သလိုတိုင်းပြည်အပေါ်လည်း တာဝန်ကျေပွန်ခဲ့တယ် လသားအရွှယ်နှင့် မိမဲ့ဖမဲ့ ဖြစ်ခဲ့ရှာတဲ့ ဝေ့ပုစိ ကို သခင်တစ်ပါးအဖြစ် မြှောက်စားစေကာ နန်းတော်ထဲမှာပဲ သူမ ကိုယ်တိုင် ထိန်းသိမ်းရင်း စောက်ရှောက်ခဲ့တယ်
VOCÊ ESTÁ LENDO
တစ်ကြော့ပြန်သော သမိုင်းကြောင်း
Fanficကြင်ယာတော် ဝေ့ ဘဝမှ သေခဲ့ပြီး ၂၁. ရာစု ၌ ရှောင်းရှောင်ကျန့်အဖြစ်ပြန်လည်မွေးဖွားရာမှာ ကြင်ယာတော်ဘဝက မသေဆုံးမှီ နောက်ဆုံးဆုတောင်းကြောင့် Time travel ဖြစ်သွားပြီး ၂၁ ရာစုမှ ရှေးခေတ်သို့ ရောက်သွားကာ ကြင်ယာတော်ဘဝ ပြန်လည်ရောက်ရှိခဲ့သော် နောက်ဆုံး ဆုတောင်...