* တစ်ကြော့ပြန်သော သမိုင်းကြောင်း *အပိုင်း ၁၄ ( Z&U)
ဒီနေ့ဟာ ဝေ့ပုစိ သိပ်ပျော်ရတဲ့နေ့ပဲ မုန့်အစုံရှိတဲ့ ဆိုင်တန်း ရှည်ကြီး ကြားမှာ စားချင်တာလိုချင်တာကို ကြိုက်ရာ လက်ညိုးထိုးလိုက်ရုံနဲ့ လက်ထဲ ရောက်လာမယ့် အခြေအနေကြီးမှာ သခင်ပေါက်စ ယုန်ပေါက်လို တဆွေ့ဆွေ့ခုန်လို့ ပျော်ရွှင်နေရပါတယ် ရိုးရှင်းသော အနက်ရောင်ဝတ်စုံလေးကိုသာ ဆင်ယင်ပေးခြင်းခံရတဲ့ ဝေ့သခင်ပေါက်စလေးမှာ မုန့်ဈေးတန်းတစ်လျောက် မဲလုံးလုံးကလေးနှင့် တလိမ့်လိမ့် သွားလာနေတာ ထင်းရှားစွာ မြင်နေရတယ်
ဝေ့ပုစိလက်ထဲမှာ အသားပေါက်စီ တစ်လုံး ရှိနေခဲ့တယ် ဈေးတန်းနဲ့အနည်းငယ်အလှမ်းကွာတဲ့နေရာမှာ တောင်ကုန်းခပ်သေးသေးရှိတယ် အိမ်ရှေ့စံက သခင်ပုစိရဲ့ လက်ကိုဆွဲလို့ ထိုတောင်ကုန်းလေးပေါ်ကိုခေါ်ဆောင်သွားတယ် ကိုယ်ရံတော်ယွီပင်းက မလှမ်းမကမ်းအကွာမှာ ရှိနေခဲ့တယ်
အသားပေါက်စီထဲက အသားတွေကိုသာ ရွေးစားတဲ့သခင်ပေါက်စလေးရဲ့ မျက်နှာဟာ ပေတလူးကျံလို့နေတယ် ဖြူဥလှတဲ့မျက်နှာ ကလေးမှာ မဲညစ်လို့နေရှာတယ်
အိမ်ရှေ့စံ '' ပေကျံနေတယ် သပ်ရပ်အောင်စားတတ်ရမယ် ''
ဝေ့ပုစိ '' အွန်းပါ ''
အလိုလိုက်အကြိုက်ဆောင်ထားတဲ့အိမ်ရှေ့စံကြောင့် ဝေ့ပုစိ ငြိမ်သက်လို့စကားနားထောင်ဟန်ဆောင်တယ် ' ဟုတ်တယ်ငါက လိမ္မာတဲ့ ကလေး '
ဝေ့ပုစိ '' ပြောင်သွားပီလား ''
ရှည်ကျနေတဲ့ အင်္ကျီလက်စနှစ်ဖက်နဲ့ မျက်နှာကိုသုတ်ပစ်လိုက်တဲ့ သခင်ပေါက်စကြောင့် အိမ်ရှေ့စံ မျက်မှောင်ကြုံ့လို့ကြည့်နေခဲ့တယ် အိမ်ရှေ့စံရဲ့လက်ထဲမယ် အဖြူရောင်ပုဝါလေးက ငြိမ်သက်လို့ ရှိနေတယ် သခင်ပေါက်စ အပြစ်သိသွားတော့ အိမ်ရှေ့စံအား မျက်နှာချို သွေးလို့ ယုန်သွားအားကိုး တဟီးဟီး ရယ်ပြလိုက်ရတယ်
အိမ်ရှေ့စံ '' ဆီလျော်မှုရှိအောင်နေ ''
ဝေ့ပုစိ '' ဟုန် ''
အသားမရှိတော့တဲ့ ပေါက်စီအခွံကို ဝေ့ပေါက်စ လွှတ်မပစ်ရက် ပါးစပ်ထဲ အတင်းထိုးထည့်လို့ သန့်ရှင်းတဲ့လေအေးအေးကို မျက်စိမှိတ်ခံယူလိုက်တယ် စိမ်းစိုတဲ့သစ်ပင်တွေကိုဖြတ်လို့ ခရီးနှင်လာတဲ့ လေပြေ လေးတွေက လတ်ဆတ်တဲ့ရနံသင်းသင်းကို ဆောင်ယူလာကြတယ်

YOU ARE READING
တစ်ကြော့ပြန်သော သမိုင်းကြောင်း
Fanfictionကြင်ယာတော် ဝေ့ ဘဝမှ သေခဲ့ပြီး ၂၁. ရာစု ၌ ရှောင်းရှောင်ကျန့်အဖြစ်ပြန်လည်မွေးဖွားရာမှာ ကြင်ယာတော်ဘဝက မသေဆုံးမှီ နောက်ဆုံးဆုတောင်းကြောင့် Time travel ဖြစ်သွားပြီး ၂၁ ရာစုမှ ရှေးခေတ်သို့ ရောက်သွားကာ ကြင်ယာတော်ဘဝ ပြန်လည်ရောက်ရှိခဲ့သော် နောက်ဆုံး ဆုတောင်...