3.6K 321 13
*တစ်ကြော့ပြန်သော သမိုင်းကြောင်း*
အပိုင်း ၄ (Z&U)
အချိန်သည်ကား ည သန်းခေါင်ယံ
လေတဖြူးဖြူးတိုက်ခတ်သော အသံတို့ဟာ နားထဲ တစိမ့်စိမ့်တိုးဝင်လာတယ် သစ်ကိုင်းသစ်ရွှက်များအချင်းချင်း ရိုက်ခတ်သံဟာ တရှဲရှဲမြည်တွင်နေခဲ့တယ် မဲမဲ သာ မြင်ရသော အရိပ် နှစ်ခုကလရောင်သာ အဆောင် ကို တဖြေးဖြေးချဉ်းကပ်လာတယ်
လရောင်သာ အဆောင်တွင်းရှိ သလွန်ပေါ်မှ အဖြူ လေးရဲ့ မျက်လုံးက ပြူးကျယ်နေခဲ့တယ် အိပ်မရဖြစ်နေရှာသော ဝေ့ပုစိအဖြစ်က သနားစရာပင်  အလုံထုပ်ထားသော စောင်ခြုံကြီးထဲ ကွေးဝင်နေတဲ့ ကလေးပုစိရှာ သရဲ ကြောက်စိတ်ကြောင့် ချွေးသီးချွေးပေါက်ကျနေခဲ့တယ်  အသည်းငယ်သော ယုန်ပေါက်စ
ပြတင်းပေါက်မှာရှိတဲ့ လှိုက်ကာစ​လေးတွေဟာ တလူလူ လွင့်လို့ လှုတ်ခတ်ပြနေတယ် ဝေ့ပုစိမျက်လုံးထဲတော့ ဝိညာဉ်ဖြူ ယိမ်းပြကာ ခြောက်လှန့်နေတာနှင့်တူတယ် မျက်လုံးပြူးလာသော သခင်ပေါက်စလေးက လှိုက်ကာစသရဲကို မမြင်ချင်တော့တာကြောင့် စောင်အဖြူ ကို တစ်ပါတည်းဆွဲချကာ သလွန်အောက် ရောက်သွားတယ် ရုတ်တရပ် ခုန်ဆင်းလိုက်တာဖြစ်လို့ ကြမ်းပြင်ပေါ် အားယားမှောက် လဲကျသွားတယ် ခြေတံတိုတိုတွေကို ဝေ့ပုစိ စိတ်ဆိုးတော်မူတယ်
' ပုလိုက်တဲ့အရပ်ကွာ ၁၀ နှစ်သားလား ၅ နှစ်သားလား မသဲကွဲဘူး '
" ကျွီ ''
အဆောင်တော် တံခါးဟာ တဖြေးဖြေး ချင်းပွင့်ထွက်လာတယ် အရိပ်မဲမဲ တစ်ခုသည် တစ်လှမ်းချင်း ရွေ့လာနေတယ် သလွန်အောက်မှ သခင်ပေါက်စလေးဟာ နဖူးမှ ချွေးတဒီးဒီး ကျချင်လာတယ် မဲမှောင်နေပေမယ့် လှုပ်ရွနေတဲ့ အဝတ်အစားတွေကြောင့် မိန်းကလေးဝတ်မှန်းသိသာတယ် အမွှေးရနံ့စူးစူးများက နှာခေါင်းထဲ ဝင်လာသောကြောင့် သခင်ပေါက်စလေး အော်ငိုချင်လာတယ် တစ်ချို့ သော ပန်းရနံ့တွေဟာ သူနဲ့ဓာတ်မတည့်တာများတဲ့အတွက်ကြောင့်ဖြစ်တယ် မိန်းကလေးက သလွန်ပေါ်မှာ သခင်ပေါက်စကို မတွေ့တာကြောင့် ရေချိုးဆောင်ဘတ်ကို ထွက်သွားတယ်
တစ်ကြော့ပြန်သော သမိုင်းကြောင်းWhere stories live. Discover now