* တစ်ကြော့ပြန်သော သမိုင်းကြောင်း *အပိုင်း ၈ (Z&U)
အိမ်ရှေ့စံ '' ပူတုန်း စား ''
မျက်စိရှေ့သို့ ရောက်လာသော ကြာစွယ်ဟင်းခွက်ကလေးက အငွေ့တလူလူ ရင်ထဲဝယ် ဝမ်းပန်းတနည်းဆို့နင့်နေသော ဝေ့ပေါက်စ ဘာစကားမှ မဆိုပဲ ငြိမ်ငြိမ်လေးသာ စားနေလိုက်တယ်
ဘဝမှာ အကြောင်းလှလှနဲ့ ဇာတ်သိမ်းဖို့ပဲ အလိုရှိခဲ့တာဖြစ်လို့ ဒီမျက်နှာတည်ကြီးရဲ့ အချစ်ကို ဝေ့ပုစိ မမျှော်လင့်သင့်ဘူးဆိုတာ သတိရသွားတယ်
အိမ်ရှေ့စံက ဝေ့ပုစိကို ဘယ်တော့မှချစ်လာမှာ အဟုတ်ဘူး လမ်းကြောင်းမလွဲစမ်းနဲ့ ရှောင်ကျန့်
ဝေ့ပုစိ '' ပြန်လို့ရမလား ''
မျက်လွှာချကာ စကားပြန်စလာတဲ့ သခင်ပေါက်စလေးက အရင်လို သူမျက်နှာကို ကြည့်မလာခဲ့ဘူး ပေလွှာကိုင်ထားဆဲ အိမ်ရှေ့စံ တိတ်တဆိတ် သခင်ပေါက်စလေးကို အကဲခတ်ကြည့်မိတယ်
အိမ်ရှေ့စံ '' ခဏပြန်လို့ရတယ် လုပ်ကြံသူကို ဖြေရှင်းပီးပီး ဆိုပေမယ့် မယ်တော်ကြီးပြန်မလာခင်ထိ ဝေ့ပေါက်စ မလုံခြုံဘူး ယွီပင်းကိုခေါ်သွား ''
ဝေ့ပုစိ '' ဟုတ်ကဲ့ပါ ''
ခပ်စွာစွာ အသံကလေး ထွက်ပေါ်မလာတော့ဘူး ဆိတ်ငြိမ်နေခြင်းမှာ အိမ်ရှေ့စံ အသားမကျဘူး မျက်နှာကို တစ်ချက်တောင်မော ကြည့်မလာတဲ့ သခင်ပေါက်စကလေးက မျက်လွှာကလေးချမြဲသာချထားဆဲ
အရမ်းမမြင့်တော့တဲ့ ထိုင်ခုံမို့ ဝေ့ပုစိ အလွယ်တကူ ဆင်းလို့ရခဲ့တယ် ပြောင်းလဲသွားတဲ့စားပွဲနဲ့ထိုင်ခုံကို အခုမှသတိထားမိတဲ့ သခင်ပေါက်စလေးက နည်းနည်းတော့အံ့သြ သွားတယ်
' ပြောင်းပစ်လိုက်တာလား'
မာကျောသော ကြမ်းပြင်အထိအတွေ့ကို တိုက်ရိုက်ခံစားလိုက်ရတဲ့ ခြေဖဝါးနုနုကြောင့် ဝေ့ပုစိ မျက်မှောင်ကြုံ့သွားရင်း သတိရသွားတယ် အိမ်ရှေ့စံရဲ့ ကောင်းကျိုးပေးမှုကြောင့် သူဖိနပ်ကလေးတွေ စားဖိုဆောင်မှာကျန်ခဲ့ရတယ်
ဝေ့ပုစိ '' ဖန်ကုန်းကုန်း တစ်ယောက်ယောက်လောက် စားဖိုဆောင်မှာ ကျန်ခဲ့တဲ ဝေ့ဝေ့ဖိနပ် ယူလာပေးနိုင်မလား ''

ESTÁS LEYENDO
တစ်ကြော့ပြန်သော သမိုင်းကြောင်း
Fanficကြင်ယာတော် ဝေ့ ဘဝမှ သေခဲ့ပြီး ၂၁. ရာစု ၌ ရှောင်းရှောင်ကျန့်အဖြစ်ပြန်လည်မွေးဖွားရာမှာ ကြင်ယာတော်ဘဝက မသေဆုံးမှီ နောက်ဆုံးဆုတောင်းကြောင့် Time travel ဖြစ်သွားပြီး ၂၁ ရာစုမှ ရှေးခေတ်သို့ ရောက်သွားကာ ကြင်ယာတော်ဘဝ ပြန်လည်ရောက်ရှိခဲ့သော် နောက်ဆုံး ဆုတောင်...