* တစ်ကြော့ပြန်သော သမိုင်းကြောင်း *အပိုင်း ၁၃ (Z&U)
ဝေ့သခင်ပေါက်စလေးရဲ့ မွေးနေ့ပွဲမှာ အေးချမ်းလို့နေတယ် မိန်းမလှလေးများရဲ့ နွဲ့နှောင်းစွာ ကပြဖျော်ဖြေမှုကို သခင်ပေါက်စ တဟဲဟဲ ရယ်ရွှင်ရင်း ငေးမောကြည့်ရှုနေခဲ့တယ် အိမ်ရှေ့စံဟာ ပေါင်ပေါ်ရှိ နှာဘူး ပေါက်စလေးကိုသာ တစ်ချက်တစ်ချက် စိုက်ကြည့်ရင်း တည်ငြိမ်စွာ ရှိနေဆဲဖစ်တယ်
မိန်းမပျိုလေးများ ကပြ ဖျော်ဖြေမှုအပြီးမှာတော့ မေးခွန်းထုတ်သော အသံတစ်သံထွက်လာတယ်
အမတ်ကြီးဝမ်ရိုဟန် '' ဒီက အသက်အရွှယ်ကြီးရင့်ပီဖြစ်တဲ့ အဖိုးကြီးက နားမကောင်းပေမယ့် သတင်းတစ်ခုကြားထားရတာရှိလို့မေးစမ်းချင်ပါတယ် ဝေ့သခင်လေးက ပြောင်းလဲမှု ရှိနေပီလို့ဆိုတယ် ဖြေပေးနိုင်မလား သခင်လေး ''
အပ်ကျသံပင်မကြားရလောက်အောင် မွေးနေ့ပွဲတော်အတွင်းမှာ တိတ်ဆိတ်သွားတယ်
အကြည့်စူးစူးနှင့်အတူ မျက်ခုံးတစ်ချက့်ပင့်၍ လန်မင်းကြီးက ဝမ်ရိုဟန်ကို ကြည့်လိုက်တယ်
စိတ်ထိန်း ပေမယ့် မူပျက်သွားတဲ့ မိဖုရားခေါင်ကြီးရဲ့ပုံရိပ်ကို သေချာစွာစောင့်ကြည့်နေတဲ့ ဝမ်ရိုဟန်က မြင်လိုက်ရတော့ မထီပြုံးပြုံးတယ်
မိဖုရားခေါင်ကြီးအားပြိုလဲစေချင်တဲ့ ဝမ်ရိုဟန်နဲ့ဘတ်တူသားအမတ်တချို့ကလည်း မိဖုရားခေါင်ကြီးနဲ့ဝေ့သခင်လေးတို့ရဲ့အမူအရာတွေကို အကဲခတ်ရင်း နေကြတယ်
ဝမ်ရိုဟန်ရဲ့စကားအဆုံးမှာ ပေကျံနေသော သခင်ပေါက်စလေးရဲ့ နှုတ်ခမ်းအား လက်ကိုင်ပုဝါဖြင့်သုတ်ပေးနေသော အိမ်ရှေ့စံရဲ့ လက်တစ်ဖက်လှုပ်ရှားမှာက ရပ်တန့်သွားတယ်
ဆိတ်ငြိမ်နေတဲ့ ကိုယ်စီပင်
သို့ပေမယ့် အဲ့ဒီကိုယ်စီသော ဆိတ်ငြိမ်မှုက စက္ကန့်ပိုင်းလောက်သာပဲ ကြာခဲ့တယ်
ဝေ့ပုစိ '' အမေးလွယ်တယ် ဖြေရခက်စေတယ်တဲ့
ဒါပေမယ့်လည်းပေါ့ ငယ်ရွှယ်ပြီးသဘေားထားကြီးတဲ့ ဒီသခင်လေးက နားလည်ပါတယ် ''

YOU ARE READING
တစ်ကြော့ပြန်သော သမိုင်းကြောင်း
Fanfictionကြင်ယာတော် ဝေ့ ဘဝမှ သေခဲ့ပြီး ၂၁. ရာစု ၌ ရှောင်းရှောင်ကျန့်အဖြစ်ပြန်လည်မွေးဖွားရာမှာ ကြင်ယာတော်ဘဝက မသေဆုံးမှီ နောက်ဆုံးဆုတောင်းကြောင့် Time travel ဖြစ်သွားပြီး ၂၁ ရာစုမှ ရှေးခေတ်သို့ ရောက်သွားကာ ကြင်ယာတော်ဘဝ ပြန်လည်ရောက်ရှိခဲ့သော် နောက်ဆုံး ဆုတောင်...