* တစ်ကြော့ပြန်သော သမိုင်းကြောင်း *အပိုင်း (၁၇)
ကျန်းချန် နဲ့ ဟောက်ရွှမ်း ပြန်သွားတော့ ဝေ့ပုစိ ယောင်လည်လည်လေး ကျန်ရစ်ခဲ့ရှာတယ် ညနေစောင်းအချိန်ထက် အနည်းငယ် စော နေသေးတာဖြစ်လို့ မိဖုရားခေါင်ကြီးထံ သွားချွဲဖို့ သခင်ပုစိ သတိရ သွားတယ် တတ်ကြွသော ခြေလှမ်းတွေနဲ့ မိဖုရားခေါင်ကြီး အဆောင်တော်ဖို့ သွားဖို့ ခြေလှမ်းပြင်ပြီးမှ အဆောင်တော်ဟာ ဘယ်နေရာမှာ ရှိမှန်း သခင်ပုစိလေး မသိပါကြောင်း သတိရတယ်
ဝေ့ပုစိ '' ဖန် ကုန်းကုန်း မယ်မယ့်အဆောင်တော်ကို သွားမယ် ရှေ့က လမ်းပြပေးပါ ''
ဖန်ကုန်းကုန်း '' မှန်လှပါ သခင်လေး ''
အိမ်ရှေ့စံအနားမှာ ခစားရတဲ့ ကျင်ကုန်းကုန်းက သခင်လေးနောက် မလိုက်တော့ပဲ နောက်လိုက်ပါ အပျိုတော်တွေနဲ့ အိမ်ရှေ့စံ မင်းသားရှိရာကို ခစားဖို့ သပ်သပ်စီ ခွဲထွက်သွားကြတယ်
ကိုယ်ရံတော် ယွီပင်းကတော့ သခင်ပုစိနောက်ကိုပဲ လိုက်ရတော့တယ် သူ့ကို ပေးအပ်ထားတဲ့တာဝန်က ဝေ့သခင်ပေါက်စလေး အနာတရ မဖြစ်အောင် ကာကွယ်ပေးဖို့ ဖြစ်တယ်ထည်ဝါလှတဲ့ ဇာမဏီ ဆောင်ကြီးကိုကြည့်လို့ ဝေ့ပုစိ ပါးစပ်ကလေးဝိုင်းသွားရတယ် ဇာမဏီဆောင် အဝင်းအဝိုင်းထဲကို ခြေလှမ်းလိုက်သည်နှင့် လှပ တင့်တယ်မှုက နတ်ပြည်နှင့်နှိုင်းယှဉ်လောက်ရအောင် ခန့်ထည်နေခဲ့တယ် ချယ်ရီပင်တွေ ကြီးစိုးတဲ့ ဇာမဏီဆောင်က ချယ်ရီပန်းတို့အလှဆင်ထားခြင်းကို ခံရစေတယ် ဝေကျနေတဲ့ ချယ်ရီတွေကို လက်ဖြန့်ကာ ဖမ်းဆုပ်ရင်း တခ်ခ် ရယ်ရွှင်တဲ့ သခင်ပေါက်စလေး အသံကြောင့် ချယ်ရီပင်အောက်ရှိ ကျောက်စာပွဲ မှာ အကြမ်းရေ သောက်နေတဲ မိဖုရားခေါင်ကြီးက ထိုင်ရာမှ ထလို့ အဆောင် အဝင်ဝရှိ သခင်ပေါက်စလေးရှိရာသို့ ခပ်သွက်သွက် လှမ်းလာခဲ့တယ်
ဝေ့ပုစိ '' မယ်မယ် ''
မိဖုရားခေါင်ကြီး '' ရှင့် မယ်မယ့်အချစ်တုံးလေးက မယ်မယ့်ကို မေ့နေပီတောင်ထင်ထားတာ ''
ဝေ့ပုစိ '' မေ့ပါပူး မေ့ပူး ရှန့်ရှန့်က သတိတွေမှ အားကြီး ရနေတာပါနော် ''

BẠN ĐANG ĐỌC
တစ်ကြော့ပြန်သော သမိုင်းကြောင်း
Fanfictionကြင်ယာတော် ဝေ့ ဘဝမှ သေခဲ့ပြီး ၂၁. ရာစု ၌ ရှောင်းရှောင်ကျန့်အဖြစ်ပြန်လည်မွေးဖွားရာမှာ ကြင်ယာတော်ဘဝက မသေဆုံးမှီ နောက်ဆုံးဆုတောင်းကြောင့် Time travel ဖြစ်သွားပြီး ၂၁ ရာစုမှ ရှေးခေတ်သို့ ရောက်သွားကာ ကြင်ယာတော်ဘဝ ပြန်လည်ရောက်ရှိခဲ့သော် နောက်ဆုံး ဆုတောင်...