* တစ်ကြော့ပြန်သော သမိုင်းကြောင်း *အပိုင်း ၆ (Z&U)
အချိန်အားဖြင့် ညနေ ၄ နာရီခန့်ရှိနေတယ် အမျိုးစုံသောအပင်ကြီးများ ပေါက်ရောက်နေတဲ့ တောလမ်းဖြူးဖြူးထဲ အိမ်ရှေ့စံ၏ စီးတော်မြင်းဖြူ ကြီးမှ မြင်ခွာသံကတစ်ချက်ချင်း အသံမြည်ကာ တစ်လှမ်းချင်းရွေ့နေတယ် မြင်းဖြူ ကြီးရဲ့ နောက်မှာတော့ ၁၀ ယောက်ခန့်သာရှိတဲ့ ရဲမက်ကလေးများက ခြေလျင်လိုက်ပါလာကြတယ်
အိမ်ရှေ့စံ လန်ဝမ့်ကျီးရဲ့ ရင်ခွင်ထဲ၌ နှစ်ခြိုက်စွာ အိပ်ပျော်နေရှာတဲ့ သခင်ပေါက်စလးမှာ ဟောက်သံပိစိလေးထွက်လို့ အိမ်ရှေ့စံက သတိကြီးစွာ နေရင်း ပတ်ဝန်းကျင်ကို ဟန်ဆောင်၍ လျစ်လျူ ရှု ထားလိုက်တယ် အပင်များရဲ့နောက်တွင် လုပ်ကြံသူများက ချောင်းမြောင်းနေကြတယ်
" ရွှီး ''
အိပ်စက်နေပါသော ဝေ့ပေါက်စလေးရဲ့ ရင်ဘတ် တည့်တည့်သို့ မြှားတစ်စင်းက မဆိုင်းမတွ ထိုးဝင်ဖို့ ကြို စားတယ် အိမ်ရှေ့စံရဲ့ လက်မောင်းကြား လုံခြုံမှုရရှိနေတဲ့ ဝေ့ပေါက်စဟာ ဒဏ်ရာ မရရှိခဲ့ မြှားထိပ်ရှိ သံပြားအချွန်က အိမ်ရှေ့စံရဲ့ လက်ဖျံတစ်လျောက် နစ်နစ်နဲနဲ ထိုးခွဲသွားတယ်
လုပ်ကြံသူ အယောက် ၅၀ ခန့်က ရဲမက်များနဲ့ အိမ်ရှေ့စံကို ပတ်လည်ဝိုင်းထားကြတယ် လုပ်ကြံသူတွေက မျက်နှာကို အဝတ်မဲဖြင့်စီးထားကြပြီး မျက်လုံးသာ ဖော်ထားကြတယ် ခေါင်းဆောင်ဖြစ်ပုံရတဲ့ လူက လက်မောင်းမှာ ပတ်တီးစည်းထားပြီး ဓားကို ထုတ်လျက် အိမ်ရှေ့စံကို စ တိုက်ခိုက်တယ် ကလေးတစ်ဖက်နဲ့ အိမ်ရှေ့စံက မြင်းပေါ်မှ ဆင်းကာ ထိုလူကို ဒဏ်ရာရ လက်နဲ့ တစ်ဖက်တည်းသာ တိုက်ခိုက်နေရတယ် ရဲမက်ယောင်ဆောင်ထားတဲ့ အရည်အချင်းရှိသော အရိပ်နက်အဖွဲ့ကို လုပ်ကြံသူများမယှဉ်နိုင် အိမ်ရှေ့စံက အချက်ပြလိုက်တဲ့အခါ အသင့်စောင့်နေသော ၂၅ ယောက်ခန့်ရှိသော အရိပ်နက် လူငယ်ကလေးများ ထွက်လာကာ လုပ်ကြံသူများကို အရှင်ဖမ်းမိခဲ့ကြတယ် လုပ်ကြံသူများရဲ့ခန္ဓာကိုယ်ဝယ် ဓားဒဏ်ရာများက အမြောက်အမြားရှိခဲ့တယ်

KAMU SEDANG MEMBACA
တစ်ကြော့ပြန်သော သမိုင်းကြောင်း
Fiksi Penggemarကြင်ယာတော် ဝေ့ ဘဝမှ သေခဲ့ပြီး ၂၁. ရာစု ၌ ရှောင်းရှောင်ကျန့်အဖြစ်ပြန်လည်မွေးဖွားရာမှာ ကြင်ယာတော်ဘဝက မသေဆုံးမှီ နောက်ဆုံးဆုတောင်းကြောင့် Time travel ဖြစ်သွားပြီး ၂၁ ရာစုမှ ရှေးခေတ်သို့ ရောက်သွားကာ ကြင်ယာတော်ဘဝ ပြန်လည်ရောက်ရှိခဲ့သော် နောက်ဆုံး ဆုတောင်...