*တစ်ကြော့ပြန်သော သမိုင်းကြောင်းမှာ *အပိုင်း ၃ (Z&U)
နေ့လယ်စာ သုံးဆောင်ချိန် ရောက်သည်အချိန်ထိ ဝေ့ပုစိဟာ စက်တော်ခေါ်လို့ကောင်းဆဲ အိမ်ရှေ့စံက မည်မျှပင် ပုံချပေးနေလည်း နေရာရွေ့ပြီး လူးလိမ့်အိပ်စက်တဲ့ သခင်ပေါက်စလေးဟာ အိပ်စက်ရာ နေရာ၏ ပတ်ချာလည်နေခဲ့ပြီဖြစ်တယ် မလင့်တော့တဲ့အချိန်အတွက် ကိုယ်ရံတော်ယွီပင်းကို အိမ်ရှေ့စံ မှာကြားလိုက်တယ်
အိမ်ရှေ့စံ '' ယွီပင်း စားဖိုဆောင်ကိုသွား နေ့လယ်စာကို ဝေ့ပေါက်စ အတွက်ပါ စာဖတ်ဆောင်ကို ယူခဲ့''
ယွီပင်း '' အမိန့်အတိုင်းပါ အိမ်ရှေ့စံ ''ကလေးပေါက်စကိုသာ အာရုံ ရနေတဲ့ အိမ်ရှေ့စံရဲ့ စာဖတ်မှုဟာ တစ်နေ့ခင်းပတ်လုံးကြာခဲ့သော်လည်း
စာအုပ်၏ တစ်ဝက်ပင် အရာမရောက်ခဲ့သေးပေ
ဟောက်သံ သဲ့သဲ့ ထွက်တဲ့ ဝေ့ပုစိရဲ့ ခြေထောက်နှစ်ချောင်းဟာ အိမ်ရှေ့စံရဲ့ ပေါင်ပေါ်သို့နေရာယူနေခဲ့တယ် တွန့်လိမ်စွာ အိပ်စက်မှုကြောင့် ဒူးအပေါ်သို့ လိပ်တတ်နေတဲ့ ဝတ်ရုံအဖြူ လေးဟာ ကြေမွနေလျက် ခြုံစောင်အပါးလေးဟာ ဗိုက်နေရာတွင်သာ စုပုံနေခဲ့တယ် သက်ပြင်းတစ်ခါချတဲ့ အိမ်ရှေ့စံဟာ ဝေ့ပေါက်စရဲ့ အင်္ကျီတွေကို သပ်ရပ်အောင် ပြန်ပြင်ပေးလိုက်ပြီး နေ့လယ်စာ သုံးဆောင်ဖို့ နိုးရတော့တယ်အိမ်ရှေ့စံ '' ထတော့ ဝေ့ပေါက်စ ထတော့ ''
ဝေ့ပုစိ '' အမ်း ''ဖြတ်ရိုက်ခံလိုက်ရတဲ့ အိမ်ရှေ့စံရဲ့ လက်တစ်ဖက်က စပ်ဖြင်းဖြင်းခံစားရစေတယ် ဝေ့ပုစိနဲ့ လက်ဖဝါးဟာလည်း နီရဲသွားတယ် ဘေးတစောင်းလိမ့်ပြီး ပြန်အိပ်စက်တဲ့ ဝေ့ပုစိရဲ့ ခြေတစ်ဖက်က အိမ်ရှေ့စံရဲ့ ဝမ်းဗိုက်ကို ကန်မိတယ် ရေပြင်အလား တည်ငြိမ်နေတဲ့ အိမ်ရှေ့စံရဲ့ မျက်နှာမှာ မူမပျက်ရှိနေဆဲ ပို၍ တင်းမာသော မျက်နှာထားအဖြစ်တော့ ရောက်ရှိသွားတယ်
အိမ်ရှေ့စံ '' ဝေ့ပေါက်စ ထ သင့်နေပီ ''
ဝေ့ပုစိလေးကိုယ်လေးဟာ အိမ်ရှေ့စံရဲ့ လက်နှစ်ဖက်နဲ့ ဆွဲထူမှုကြောင့် ငုတ်တုတ်ထိုင်မိလာတယ် မှေးစင်းသော မျက်ဝန်းတွေဟာ မပွင့်တပွင့်ကလေး သေးငယ်တဲ့ ခြေနှစ်ဖက်ဟာ အိမ်ရှေ့စံရဲ့ ပေါင်ပေါ် နေရာယူထားဆဲပဲ

ESTÁS LEYENDO
တစ်ကြော့ပြန်သော သမိုင်းကြောင်း
Fanficကြင်ယာတော် ဝေ့ ဘဝမှ သေခဲ့ပြီး ၂၁. ရာစု ၌ ရှောင်းရှောင်ကျန့်အဖြစ်ပြန်လည်မွေးဖွားရာမှာ ကြင်ယာတော်ဘဝက မသေဆုံးမှီ နောက်ဆုံးဆုတောင်းကြောင့် Time travel ဖြစ်သွားပြီး ၂၁ ရာစုမှ ရှေးခေတ်သို့ ရောက်သွားကာ ကြင်ယာတော်ဘဝ ပြန်လည်ရောက်ရှိခဲ့သော် နောက်ဆုံး ဆုတောင်...