* တစ်ကြော့ပြန်သော သမိုင်းကြောင်း *အပိုင်း (၁၆)
အိမ်ရှေ့စံရဲ့ သလွန်ပေါ်မှာ ဝေ့ပေါက်စက စူပုတ်ပုတ် မတ်တပ်ရပ်နေခဲ့တယ် အတွင်းဝတ် အင်္ကျီဘောင်းဘီ အတွင်းဝတ် အဖြူ အင်္ကျီအရှည်
ဘောင်းဘီ အဖြူ အရှည် အပြင်ဝတ် အင်္ကျီအနီ အပေါ်ထပ်ဝတ် အပြာနု ပီးနော် အပေါ်ထပ် လက်ပြတ် အပြာအရင့် အရာအားလုံးကို အိမ်ရှေ့စံက တကျတန ဝတ်ဆင်ပေးနေခဲ့တယ် အရာအားလုံးပြင်ဆင်ပြီးတော့ အိမ်ရှေ့စံက မျက်မှောင် တစ်ချက်ကြုံ့သွားပြန်တယ် အတွင်းဝတ်အဖြူနဲ့အပေါ်ထက်ဝတ် အပြာ ကြား အနီ ရောင်က ကကြိုးကချောင် ထင်ပေါ်နေတယ် ပီးနောက် အပြာရင့်ရောင် ခါးပတ်ကြိုးဖြင့်ခါးပတ် လိုက်ပြီး ခါးပတ်မှာ ကျောက်စိမ်းခါးပတ် တစ်ခု ချိတ်ဆွဲပေးခဲ့တယ်မျက်နှာကလေး အိုနေတဲ့ သခင်ပုစိက လှုပ်တောင်မလှုပ်နိုင်ရှာဘူး အဝတ်လေးပြီး နေရာမှ မရွေ့နိုင်တာဆိုရင်ပိုမှန်မယ် ထင်ပါတယ်
အိမ်ရှေ့စံ '' သွားကစားတော့ ပြသနာ မရှာနဲ့ သူတစ်ပါးကိုအနိုင်မကျင့်နဲ့ သရေစာမုန့်စားရင်လည်း ထမင်းစားမပျက်စေနဲ့ မုန့်ကို စားဖိုဆောင်က လာပို့ပေးလိမ့်မယ် ကိုယ်တော်မှာထားတယ် ''
မှာကြားစရာများကို တည်ငြိမ်စွာ မှာကြားနေတဲ့ အိမ်ရှေ့စံက သခင်ပုစိအား သလွန်ပေါ်မှ ချီချကာ အဆောင်တော် အရှေ့ထိ လက်တွဲ ခေါ် လာပေးတယ် တအိအိနဲ့ပါလာတဲ့ ဝေ့ပေါက်စလေးက မျက်နှာကလေး ရွဲ့လို့
ဝေ့ပုစိ '' ကျန်းချန် ဟောက်ရွှမ်း ''
ကျင်ကုန်းကုန်းဘေးနားမှာရပ်နေတဲ့ ကျန်းချန်နဲ့ဟောက်ရွှမ်းက ကျင်ကုန်းကုန်းနဲ့တရင်းတနှီးရှိလှတယ် ကျင်ကုန်းကုန်းက ဟောက်ရွှမ်းရဲ့ဦးလေး တော်စပ်တယ် ကျင်ကုန်းကုန်းရဲ့ညီမ ကျင်မေက ဝမ်ရိုဟန်ရဲ့ အငယ်အနှောင်းအဖြစ် ဝမ်အိမ်တော်ကို ဝင်သွားပြီးနောက်မှာတော့ ကျင်ကုန်းကုန်းက ညီမဖြစ်သူကို အဆက်အသွယ်ဖြတ်ခဲ့တယ် တူလေး ဟောက်ရွှမ်းဆိုတာ ရှိလာမှ အဆက်အသွယ်ပြန်လုပ်ခြင်းသာဖြစ်တယ် အနှိမ်ခံဘဝနဲ့ နေရင်း လူယုတ်မာကိုမှ မေတ္တာသက်ဝင်နေတဲ့ နှမဖြစ်သူကို ကျင်ကုန်းကုန်း စိတ်နာနေတုန်းပဲ တူဖြစ်ဟာ သူကြောင့် ဝမ်အိမ်တော်မှာ နေနေရဆဲ ဖြစ်တဲ့အတွက် ကျင်ကုန်းကုန်းစိတ်မချမ်းသာလှ တူဖြစ်သူလေး စိတ်ဒဏ်ရာ ရမှာစိုးရိမ်ရရှာတယ်

ESTÁS LEYENDO
တစ်ကြော့ပြန်သော သမိုင်းကြောင်း
Fanficကြင်ယာတော် ဝေ့ ဘဝမှ သေခဲ့ပြီး ၂၁. ရာစု ၌ ရှောင်းရှောင်ကျန့်အဖြစ်ပြန်လည်မွေးဖွားရာမှာ ကြင်ယာတော်ဘဝက မသေဆုံးမှီ နောက်ဆုံးဆုတောင်းကြောင့် Time travel ဖြစ်သွားပြီး ၂၁ ရာစုမှ ရှေးခေတ်သို့ ရောက်သွားကာ ကြင်ယာတော်ဘဝ ပြန်လည်ရောက်ရှိခဲ့သော် နောက်ဆုံး ဆုတောင်...