အိမ်ရှေ့စံ က ချော့တယ် / အိမ်ရှေ့စံ က ချော့တယ်

3K 240 10
                                    


* တစ်ကြော့ပြန်သော သမိုင်းကြောင်း *

အပိုင်း ၉ (Z&U)

နောက်ဆုံး စာမျက်နှာကို ဖတ်ပီးနောက် အသားရောင်စာအုပ်အဖုံးလေးဖုံးလိုက်တော့တယ် စာအုပ်ရဲ့ ညာဘတ်မှာတော့ မှင်အမည်းနှင့် လောကနီတိလို့ အမည်နာမ တပ်ထားခဲ့တယ် ပတ်ဝန်းကျင်ကို သတိပြု ကာ ပြန်လည်သတိမူတော့ အိမ်ရှေ့စံရဲ့ မျက်ပေတုံး မျက်ဝန်းတွေဟာ အနည်းငယ် ကျယ်ဝန်းသွားတယ်

အိမ်ရှေ့စံရဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်ပီး ပုံဆွဲနေသော မျောက်မူးလဲသခင်ပေါက်စလေးရဲ့ မျက်နှာဖြူ ဖြူ ဟာ မှင်ကြောင့် ပေကျံနေလို့မည်းနေခဲ့ပီ ဖြစ်တယ် ဖြူ စင်သော ဝတ်ရုံမှာ အမဲစက်များ ခြေရာထပ်လို့
သခင်ပုစိဟာ စိတ်ဝင်တစားပုံဆွဲနေတုန်းပင်ရှိတယ်

အိမ်ရှေ့စံ '' ကုန်းကုန်း ရေသန့်စင်ဖို်ပြင်တော့''
ကုန်းကုန်း '' မှန်လှပါ အိမ်ရှေ့စံ ''

အိမ်ရှေ့စံ '' ဝေ့ပေါက်စ ရေသန့်စင်ရမယ် ပေတူးနေပီ ''

တစ်ချက် ပြန်ကြည့်လာတဲ့ ဝေ့ပုစိက အိမ်ရှေ့စံအား စကားပြန်ဆိုခြင်းမပြုလာခဲ့ဘူး လတ်စသတ်သွားသော ပန်းချီကို မှင်ခြောက်အောင် ထားရမည်ဖြစ်တဲ့အတွက် စာရွှက် ထိပ်အဖျားလေးကို မှင်ခွက်နဲ့ ဖိထားစေတဲ့ ဝေ့ပုစိက ကိစ္စဝိစ္စပြီးတော့ ထိုင်ခုံပေါ်မှ လျောဆင်းကာ အိမ်ရှေ့စံ ထိုင်ရာ တည့်တည့် မျက်နှာမူလျက် မတ်တပ်ရပ်ပြီး ဂါဝရပြုကာ အဆောင်တော် အပြင်ထွက် ဖို့ ခြေလှမ်းပြင်လိုက်တယ်

အိမ်ရှေ့စံ ''ဒါက ဘယ်လဲ ဝေ့ပေါက်စ ''
ဝေ့ပုစိ '' ရေသန့်စင်မယ် အဆောင်တော်ပြန်မယ်''

" အင့် ''

လှမ်းဆွဲလို့ ပွေ့ချီလိုက်တဲ့ အိမ်ရှေ့စံ

အိမ်ရှေ့စံ '' အန္တာရာယ်ကင်းနေပြီ ထင်လား ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ပီလား ကိုယ့်အသက်ကိုယ်နှမျောပါ ဝေ့ပေါက်စ ''

ပွေ့ချီခံရသည့်အတိုင်း ပျော့ခွေစွာပင် ပါလာပြီးငြိမ်နေသည့် သခင်ပေါက်စက အိမ်ရှေ့စံရဲ့ ထပ်မံပြောဆိုသည့် စကားကြောင့် မျက်ရည်ရစ်ဝိုင်းရပြန်တယ်

တစ်ကြော့ပြန်သော သမိုင်းကြောင်းWo Geschichten leben. Entdecke jetzt