* တစ်ကြော့ပြန်သော သမိုင်းကြောင်း *အပိုင်း ၁၀ (Z&U)
အ ဆောင်တော်ထဲသို့ ခုန်ပေါက်ကာပြန်ဝင်လာတဲ့ ဝေ့ပုစိက ခုံပေါ်ရှိ မှင်ခြောက်သွားတဲ့ သူ့ရဲ့ပန်းချီလေးကို တယုတယ ကိုင်ကာသေချာကြည့်နေခဲ့တယ် ရှောင်ကျန့်က ပန်းချီပညာကိုတော့ ကျွမ်းကျင်စွာ တတ် မြောက် ထားတာ ဖြစ်တယ်လေ ဝါသနာပါရာကိုပဲ လုပ်ကိုင်စေကာ အထောက်အပံ့ပေးတဲ့ ကျန်းပါးပါးနဲ့ကျန်းမားမားရဲ့ ကျေးဇူးတွေကို ၂၁ ရာစု ရောက်တဲ့အခါ ရှောင်ကျန့်အသေအချာ ပြန်ဆပ်ရမယ်
အိမ်ရှေ့စံ '' ပေးမလား ''
ဝေ့ပုစိရဲ့ နောက်ကိုလာရပ်၍ ပန်းချီကို ငုံ့မိုးကြည့်တဲ့ အိမ်ရှေ့စံက စကား စ ဆိုတယ်
ဝေ့ပုစိ '' ဘာလို့လဲ ဒါ ရှန့်ရှန့်ပုံနော် အိမ်ရှေ့စံကြီးပုံမဟုတ်ဘူး ''
'' အင့် ''
ဝေ့ပုစိကို ချိုင်းမှ ပင့်ချီကာ ထိုင်ခုံပေါ်မတ်တပ်စေတဲ့
အိမ်ရှေ့စံက ခါးအနည်းကိုင်းကာ ဝေ့ပုစိနဲ့မျက်နှာချင်းဆိုင်ကြည့်ရှုလာတယ် မျက် လုံးဝိုင်းဝိုင်း ကလေးများနှင့် ကြည့်နေပါသော ဝေ့ပုစိကြောင့် အိမ်ရှေ့စံ ပြုံးမိလိုက်တော့တယ် ငေးမောနေမိတဲ့ ဝေ့ပုစိက အိမ်ရှေ့စံရဲ့ မထင်မရှားအ ပြုံးသေးသေးကြား အံ့သြဟန်ပြုပြီး ပါးစပ်ကလေးဟ ကြည့်လာပြန် တယ်အိမ်ရှေ့စံ '' ဝေ့ပေါက်စ ရဲ့ပထမဆုံးပန်းချီမလား ကိုယ်တော်သဘောကျတယ် ပေးမလား ''
ဝေ့ပုစိ '' မ ပေး ဘူး ''
အိမ်ရှေ့စံ '' ဒီအတိုင်းကိုယ်တော်က မယူပါဘူး အပေးအယူနဲ့ဆိုရင်ရော ''
ဝေ့ပုစိ '' အဲ့လိုလွယ်လွယ်နဲ့ တန်ဖိုးမဖြတ်နိုင်ပါပု ရှန့်ရှန့် ပင်ပင်ပန်းပန်း ဆွဲထားရတာကို ပီးတော့ ဒါက ပထမဆုံးပန်းချီလေ မယ်မယ့်ကို ပြရဦးမယ် အိမ်ရှေ့စံကြီးက ယူသွားရင် ဘယ်လိုပြလို့ရမလဲ ဟူး '
မောသွားဟန် သက်ပြင်းချတဲ့ဝေ့ပုစိက နဖူးနုနုထက် မထွက်လာသော ချွေးကို လက်ခုံလေးနဲ့ဟန်ပန်တကျ သုတ်ပြီး ခုံပေါ်မှ ရေကရားထဲရှိ ရေကို ကြွေခွက်ထဲသို့ထည့်ကာ တစ်ခွက်သောက်လိုက်ပါသေးတယ်

ESTÁS LEYENDO
တစ်ကြော့ပြန်သော သမိုင်းကြောင်း
Fanficကြင်ယာတော် ဝေ့ ဘဝမှ သေခဲ့ပြီး ၂၁. ရာစု ၌ ရှောင်းရှောင်ကျန့်အဖြစ်ပြန်လည်မွေးဖွားရာမှာ ကြင်ယာတော်ဘဝက မသေဆုံးမှီ နောက်ဆုံးဆုတောင်းကြောင့် Time travel ဖြစ်သွားပြီး ၂၁ ရာစုမှ ရှေးခေတ်သို့ ရောက်သွားကာ ကြင်ယာတော်ဘဝ ပြန်လည်ရောက်ရှိခဲ့သော် နောက်ဆုံး ဆုတောင်...