* တစ်ကြော့ပြန်သော သမိုင်းကြောင်း *အပိုင်း ( ၂၁)
ဒီနေ့မနက်ခင်းကဆူညံနေတယ် အိမ်ရှေ့စံအဆောင်တော်ရဲ့ သလွန်ပေါ်ရှိ ဝက္ကေလးက လက်နှစ်ဖက်ဆန့်လို့ သန်းဝေလိုက်တယ်
ဝေ့ပုစိ '' ဝွါး ''
ဖန်ကုန်းကုန်း '' သခင်ျလး ထပါတော့ နန်းတော်ထဲမှာပြသနာ ဖြစ်နေတယ် ''
ဝေ့ပုစိ '' ဘာပြသနာလဲ ''
ဆန့်ထားတဲ့လက်တွေ ပြန်ရုတ်သိမ်းလို့ ဝေ့ပုစိက ဖန်ကုန်းကုန်းအား မပွင့်တပွင့်မျက်ဝန်းတွေနဲ့ကြည့်ပြီး မေးလာတယ် သခင်ပေါက်စလေးရဲ့ မျက်ဝန်းတွေကိုကြည့်ပြီး ဖန်ကုန်းကုန်းပါ အိပ်ချင်သွားရတယ်
ဖန်ကုန်းကုန်း '' တန်မင်းသမီးက မြို့ပြင်နားမှာ တိုက်ခိုက်ခံရလို့ မနက်မလင်းခင်တည်းက အိမ်ရှေ့စံအဆောင်တော်က ထွက်သွားတယ် ''
ဝေ့ပုစိ '' အော် အွန်း အင့် ''
တွန့်လိမ်ရင်း ခေါင်းနဲ့ခေါင်းအုံးပြန်မိတ်ဆက်သွားတဲ့ သခင်လေးက ပြသနာ ဟုဆိုသော ထိုအဖြစ်အပျက်အား လှောင်သရော်နေသကဲ့သို့ပင်
' သူ့ဟာသူရွပြီး ဖွန်လာကြောင်လို့ ဖြစ်တာလေ ငါက ပူစရာလား ပြော့ '
' ငါ့ အချစ်တော်ကြီးက မြို့ပြင်ထိလိုက်သွားရတာလား ဒီကိစ္စ ငါပြန်နိုးလာမှ အသေအချာထပ်မေးမယ် အခုငါ အိပ်လု်က်ဦးမယ် '
------------------------------
တခြားတစ်ဖက်တွင်တော့
မိဖုရားခေါင်ကြီး '' သားတော်.....''
အခန်းအတွင်း ရှိ လေထုထဲ အအေးလှိုင်းတွေဝင်ရောက်လာတယ်
မိဖုရားခေါင်ကြီးကစကား ဆက် မဆိုတတ်တော့
အရာအားလုံးဟာ သူနဲ့မဆိုင်သလိုပြုမူနေသော လန်ဘုရင်မင်းမြတ်က ကြွေခွက်အတွင်းရှိအကြမ်းရေကို မမြင်ဖူးမသောက်ဖူးသလို စူးစမ်း၍ သောက်နေတယ် ထိုအချင်းအရာကို သတိထားမိသြားတဲ့ မိဖုရားခေါင်ကြီးက လန်ဘုရင်းမင်းမြတ်အား မျက်စောင်း တစ်ချက်ထိုးတယ်
အိမ်ရှေ့စံ '' မတားပါနဲ့မယ်တော် ဒီအရေးကသားတော်ကိုယ်တိုင်ရှင်းရမယ့်အရေး နှစ်တွေကြာနေပီမယ်တော် ကလေးငယ် အသက် ၁၁ နှစ်တည်းကဖြစ်ပျက်နေတာ အခု ကလေးငယ်ရဲ့အသက် ၁၃ နှစ်ပဲရှိနေပီ လန်တိုင်းပြည်ရဲ့အိမ်ရှေ့စံမင်းသားတစ်ပါး ဖြစ်ပါလျက်နဲ့ ဒီလို ခပ်သေးသေး အရေးကိစ္စကိုတောင် အောင်မြင်အောင် မဖြေရှင်းနိုင်ရင် သားတော် အိမ်ရှေ့စံအရိုက်အရာနဲ့တောင် မသင့်တော်နိုင်ဘူး ''

ESTÁS LEYENDO
Fanficကြင်ယာတော် ဝေ့ ဘဝမှ သေခဲ့ပြီး ၂၁. ရာစု ၌ ရှောင်းရှောင်ကျန့်အဖြစ်ပြန်လည်မွေးဖွားရာမှာ ကြင်ယာတော်ဘဝက မသေဆုံးမှီ နောက်ဆုံးဆုတောင်းကြောင့် Time travel ဖြစ်သွားပြီး ၂၁ ရာစုမှ ရှေးခေတ်သို့ ရောက်သွားကာ ကြင်ယာတော်ဘဝ ပြန်လည်ရောက်ရှိခဲ့သော် နောက်ဆုံး ဆုတောင်...