* တစ်ကြော့ပြန်သော သမိုင်းကြောင်း *
အပိုင်း ( ၁၉)
အရှင့်သားရဲ့စိုးရိမ် ပူပင်တတ်မှု
နွေဦးရဲ့သစ်ရွှက်ကလေးတွေက ညင်သာလှတဲ့လေပြေ အဝှေ့မှာ တငြိမ့်တညောင်းစီးမြောရင်း မြေပြင်ထက်သို့ ခဆင်းကြရတယ် မှောင်ရီသန်းတဲ့ ညနေစောင်းအချိန်ဖြစ်လို့ ကျေးငှက်ကလေးတွေ အော်သံပေးကာ အိပ်တန်း တတ်ကြပြီဖြစ်တယ်
ကြာပန်းဖြူကန် အလယ်အလတ်အစားရှိတဲ့ ကျန်းအိမ်တော်အတွင်းကြာပနရနံ့လှိုင်လှိုင်သင်းနေခဲ့တယ် သို့သော်ပေမယ့်လည်း.....
ကျန်းအိမ်တော် အတွင်းတွင်တော့ ရာသီဥတုဟာမှိုင်းထိုင်းလို့ အေးစက်တဲ့လေကြမ်းတွေ ပြည့်နှက်နေတယ် ကြီးမားခက်ထန်လွန်းတဲ့ဖိအား တစ်ခုဟာ ကျန်းအိမ်တော်ရှိလူများအပေါ် ပြင်းထန်စွာ ကျရောက်နေတယ် ဒူးထောက်နေရတဲ့ ဖြူလွှလွှ ကိုယ်ရံတော်ကျိယန်ရဲ့ နောက်နားမှာ ဖန်ကုန်းကုန်းနဲ့ နောက်လိုက်အပျိုတော်လေးနှစ်ယောက်တို့ဟာလည်း ဒူးထောက်နေကြရတယ်
နန်းတော်မှ ပြန်ရောက်လာတဲ့ ကျန်းအမတ်ကြီးမှစလို့ အလှူပြုလုပ်ပြီး ပြန်လာတဲ့ ကျန်းသခင်မကြီးမှအစ ကျန်းသခင်မလေး ကျန်းယန်းလီနဲ့ ကျန်းသခင်လေးကျန်းချန် ဝမ်သခင်လေး ဝမ်ဟောက်ရွှမ်းတို့က ဒူးထောက်နေတဲ့ လူတွေရဲ့နောက်မှာ မတ်တပ်ရပ်လို့ ခေါင်းငုံ့ရှိုးကာ အိမ်ရှေ့စံမင်းသားရဲ့ အမျက်ဒေါသ ဒဏ်ကို အလူးအလဲခံနေရရှာတယ်
ပြသနာရင်းမြစ်ရဲ့ ခွေးမကြီးမိသားစုက အေးချမ်းသလောက် ကျန်းအိမ်တော်ကြီးရှိလူတွေဟာ ပူးပြင်းတဲ့ မြစ်ပင်လယ်ကို ကူးဖြတ်နေရ ရှာတယ်
အိမ်ရှေ့စံထိုင်နေရာ သလွန်ပေါ်မှာတော့ ခရမ်းရောင်စောင်ထူကြီးကိုခြုံလို့ ဝေ့သခင်လေးအိပ်စက်နေတယ်
အိမ်ရှေ့စံ '' မောင်မင်းတို့တာဝန်မကျေပွန်ခဲ့ဘူး နန်းတော်ရောက်မှ ကိုယ်တော် အပြစ်ပေးမယ် နန်းတော်ပြန်ဖို့ ပြင်ဆင် ''
ကိုယ်ရံတော် ကျိယန် '' အမိန့်အတိုင်းပါ အိမ်ရှေ့စံမင်းသား ''
အခန်းထဲရှိလူများ အကုန်အပြင်ထွက်သွားတော့
အိမ်ရှေ့စံ သလွန်ပေါ်ရှိ ကလေးပေါက်စကို ညင်သာစွာ ပေါင်ပေါ်သို့ ပွေ့ချီလိုက်တယ်
ESTÁS LEYENDO
တစ်ကြော့ပြန်သော သမိုင်းကြောင်း
Fanfictionကြင်ယာတော် ဝေ့ ဘဝမှ သေခဲ့ပြီး ၂၁. ရာစု ၌ ရှောင်းရှောင်ကျန့်အဖြစ်ပြန်လည်မွေးဖွားရာမှာ ကြင်ယာတော်ဘဝက မသေဆုံးမှီ နောက်ဆုံးဆုတောင်းကြောင့် Time travel ဖြစ်သွားပြီး ၂၁ ရာစုမှ ရှေးခေတ်သို့ ရောက်သွားကာ ကြင်ယာတော်ဘဝ ပြန်လည်ရောက်ရှိခဲ့သော် နောက်ဆုံး ဆုတောင်...
