* တစ်ကြော့ပြန်သော သမိုင်းကြောင်း *
အပိုင်း ၇ (Z&U)
ဝေ့ သခင်ပေါက်စလေး တစ်ယောက်မှာတော့ ပျော်ရွှင်စွာ ခုန်ပေါက်ကစားရင်း အိမ်ရှေ့စံအဆောင်ကို ကျောခိုင်းခဲ့တယ် အိမ်ရှေ့စံကြီးက ညီလာခံ တတ်ရတယ်တဲ့ ဝေ့ပုစိမှာ အလုပ်ရှိတယ် ဝေ့ပုစိ နန်းတော်တစ်ခွင် ပြဲပြဲစင်အောင် လျောက်သွားပြီး နေရာအစုံအလင် သိအောင်လုပ်ရမှာဖြစ်တယ် ဝေ့ပုစိ သေလို့မဖြစ်သေးဘူး ၂၁ ရာစုရဲ့ သမိုင်းပြတိုက်ထဲက သမိုင်းစာအုပ်ထဲမယ် ဝေ့သခင်လေး ဝေ့ဝူရှန့်က ကောင်းမွန်သော စံပြလူငယ်လေးအဖြစ် ကဗျည်းတင်ခံရပြီး အေးချမ်းစွာ သေဆုံးသွားကြောင်း မှတ်တမ်းတင်ခံရအောင် ဝေ့ပုစိ ကြိုးစားရဦးမယ်
ညောင်းချိအောင် တောင်စေမရ ခုန်ပေါက်လျှောက်လှမ်းပီးနောက်မှာတော့ မြက်ခင်းလွင်ပြင်ကြီးက သခင်ပုစိရှေ့ ထီးထီးကြီးရှိနေခဲ့တယ် သခင်ပုစိနောက်မယ် ကုန်းကုန်း စုရှားနဲ့ အပျိုတော်များ ရှိနေခဲ့တယ် စိမ်းလွင်သော မြက်ခင်းပေါ်ဝယ် လိပ်ပြာကလေးများ ကူးလွင့် တောင်ပံ ခတ် ပျံသန်းနေကြတယ် လေပြေ အေးအေးက တဖြူးဖြူး တိုက်ခတ်ကာ ကျီစားလျက် အမည်မသိသော အပင် ကြီးကြီးများမှာ အရိပ်ကောင်းစွာ ရရှိစေပြီး သခင်ပုစိရဲ့ ခပ်လှမ်းလှမ်းလေးမှာ ရှိနေတယ် အရာအားလုံးများ အေးအေးချမ်းချမ်း
မအေးချမ်းသည်က သခင်ပုစိရဲ့ ရင်ဘတ်သေးသေးကလေး အပူမီးတောက်လောင်လို့ အရင်ဘဝက နောက်ဆုံးဆုတောင်းကို ဖြည့်ဆည်းပေးချင်ပေမယ့် ခုထိ လူက အဖြစ်မရှိသေး တစ်နေ့ထက်တစ်နေ့ အပူအပင်ရှိစွာ နေထိုင်ရသည်မှာ ဝေ့ပုစိ ကောင်းမွန်စွာ မစားနိုင်မသောက်နိုင်ထိ စိတ်ဖိစီးစေတယ် ၁၀ နှစ်သား ဝေ့ သခင်လေးက သက်ပြင်းလေးတချချ
ကောင်းကင်ကို မော့ကြည့်လိုက်တော့ ခေါင်းတည့်တည့်ရောက်နေသော နေမင်းကြီးက ပြုံးလို့ကြည့်နေတယ် သခင်ပုစိရဲ့ မျက်နှာကလေး အပူဒဏ်ကြောင့် ရဲမြန်းမြန်းပင်ဖြစ်သွားခဲ့ရှာတယ် မနက်ခင်းကြီးကအစ ဝေ့ပုစိဘတ်ရှိမနေဘူး ရက်စက်လိုက်တာ
စုရှားနဲ့ ဖန် ကုန်းကုန်းက နားမလိုသလိုလေးသာ ကြည့်နေနိုင်တယ် မနက် ၄ နာရီတည်းကပင် သခင်ပုစိကို ပြန်ခေါ်ရဖို့ရာ အိမ်ရှေ့စံ အဆောင်ကို သွားစောင့်နေခဲ့ကြပေမယ့် အိမ်ရှေ့စံ ညီလာခံသွားသည့်တိုင် သခင်ပုစိမှာ အိပ်ယာထမလာခဲ့ အိမ်ရှေ့စံ အမျက်တော်ရှမှာ စိုးရတဲ့ ပူပန်သူများက နေလယ်မတိုင်ခင်ထိအိပ်ယာဝင်နိုးတာ ပြင်ဆင်ပေးခဲ့ကြပေလည်း သခင်ပေါက်စက နိုးတဝက်အိပ်တဝက် နေလယ်လိုလို မနက်စာလိုလို စားဖို့အနံ့ရမှ ကောင်းမွန်စွာ နိုးထလာပြီး အခုတော့ ကောင်ကင်ကြီးကို မော့ကြည့်နေလို့
ESTÁS LEYENDO
တစ်ကြော့ပြန်သော သမိုင်းကြောင်း
Fanfictionကြင်ယာတော် ဝေ့ ဘဝမှ သေခဲ့ပြီး ၂၁. ရာစု ၌ ရှောင်းရှောင်ကျန့်အဖြစ်ပြန်လည်မွေးဖွားရာမှာ ကြင်ယာတော်ဘဝက မသေဆုံးမှီ နောက်ဆုံးဆုတောင်းကြောင့် Time travel ဖြစ်သွားပြီး ၂၁ ရာစုမှ ရှေးခေတ်သို့ ရောက်သွားကာ ကြင်ယာတော်ဘဝ ပြန်လည်ရောက်ရှိခဲ့သော် နောက်ဆုံး ဆုတောင်...
