* တစ်ကြော့ပြန်သော သမိုင်းကြောင်း *
အပိုင်း ၅ (Z&U)
"အား ခ်ခ် ဝါး ''
အိမ်ရှေ့စံ မတ်တပ်ရပ်ရာနေရာနဲ့ အနည်းငယ် အလှမ်းဝေးသောနေရာမှာ အိမ်ရှေ့စံ၏ ခါးလောက်အမြင့်ရှိသော ကျောက်တုံးပေါ်တွင် ဝေ့ပုစိရှိနေတယ် ထိုကျောက်တုံးပေါ် ထိုင်ချင်ပါတယ်ဆိုတဲ့ သခင်ပေါက်စကြောင့် အိမ်ရှေ့စံကိုယ်တိုင် ချီပွေ့ တင်ပေးထားခြင်းဖြစ်တယ်
အရိပ်နက် အဖွဲ့ဆိုသည်က အရိပ်သာမြင်ရပြီး လျင်မြန်သော အဆင်မြင့်သိုင်းပညာကျွမ်းကျင်သူများကို ဖွဲ့စည်းထားသော အဖွဲ့ဖြစ်တယ် ကလေးထိန်းကျွမ်းကျင်မဲ့ အဖွဲ့လို့တော့ အိမ်ရှေ့စံ မထင်ခဲ့ပေမယ့်
ဝေ့ပုစိ '' ဝိုး ဝိုး good good ''
လက်မပုစိလေးက တထောင်ထောင်နှင့် နားမလည်သော စကားဆန်းတွေပြောဆို နေတဲ့ သခင်ပုစိ နပန်းသတ်ပြနေသော သိုင်းသမားနှစ်ဦးက ဝေ့သခင်လေးပေါက်စ ပျော်ဖို့သက် သက် သရုပ်ပြနေခြင်းသာ ကျန်သူများကလည်း သခင်ပေါက်စလေးကိုကြည့်ပြီး ပွဲကျနေကြတယ် ပတ်တီးဖွေးနေသော ခြေတိုတိုလေးနှစ်ဖက်က ကျောက်တုံးပေါ်က တွဲလောင်းချလို့ လေထဲ တလှုပ်လှုပ်နှင့်
ကောင်းတယ် သိပ်ကိုကောင်းတယ် အခုနေ လုပ်ကြံသူလာရင် အကုန် မျိုးပြုတ်မယ့်သဘော
ခဏ နန်းတော်အခြေအနေကို သတင်းလာပေးသော ယွီပင်း စိတ်ထဲကနေ အကြိတ်အနယ် ဝေဖန်လ်ုက်တယ် စကားမစပ် သခင်ပေါက်စလေးက ရယ်သံလေးကအစ လူချစ်များသံလေး
အိမ်ရှေ့စံ '' ခမည်းတော်အခြေအနေ ''
ယွီပင်း '' နှစ်ယောက်စလုံးကို စိတ်ပူနေပါတယ် အိမ်ရှေ့စံ ပီးတော့ အမတ်ချင်က လုပ်ရှားနေပါတယ် လုပ်ကြံသူတွေကို ဖမ်းမိထားတယ် စစ်မေးပြီးပါပြီ''
အိမ်ရှေ့စံ ''ညနေပြန်လာမယ် မြေခွေးအိုကြီးကို ပြေးမလွှတ်အောင် ကိုယ့်ကိုယ်ကို ငါးစာချရမှာပေါ့ ''
ယွီပင်း '' ဂရုစိုက်ပါ မင်းသား ''
အိမ်ရှေ့စံ '' မင်းလည်း ပြန်တော့ ရုပ်မပျက် ရှိနေ ''
ယွီပင်း '' အမိန့်အတိုင်းပါ ''
BẠN ĐANG ĐỌC
တစ်ကြော့ပြန်သော သမိုင်းကြောင်း
Fanfictionကြင်ယာတော် ဝေ့ ဘဝမှ သေခဲ့ပြီး ၂၁. ရာစု ၌ ရှောင်းရှောင်ကျန့်အဖြစ်ပြန်လည်မွေးဖွားရာမှာ ကြင်ယာတော်ဘဝက မသေဆုံးမှီ နောက်ဆုံးဆုတောင်းကြောင့် Time travel ဖြစ်သွားပြီး ၂၁ ရာစုမှ ရှေးခေတ်သို့ ရောက်သွားကာ ကြင်ယာတော်ဘဝ ပြန်လည်ရောက်ရှိခဲ့သော် နောက်ဆုံး ဆုတောင်...
