* တစ်ကြော့ပြန်သော သမိုင်းကြောင်း *
အပိုင်း ၁၂ (Z&U)
တစ်ညလုံး စဉ်းစားတွေးတောရင်းသာ အချိန်ကုန်ခဲ့တဲ့ အိမ်ရှေ့စံက သလွန်ပေါ်ရှိ ခြေကားယားလက်ကားယား အိပ်ပျော်နေတဲ့ ယုန်ပေါက်စလေးကို အကြည့်မလွှဲခဲ့ဘူး လေးနက်စွာ စိတ်ကို ဆုံးဖြတ်ရန် ကိုယ့်ကိုယ်ကို သုံးသပ်ရမည်ဖြစ်ကြောင်း စဉ်းစားပီးနောက်တွင်တော့ အခှန်သည်ကား နံနက်ခင်းရောင်ခြည်ကိုမြင်တွေ့နေရပြီဖြစ်တယ်
ကျင်ကုန်းကုန်း '' အိမ်ရှေ့စံမင်းသား ပွင်ဆင်ချိန်ရောက်ပါပြီ ''
အိမ်ရှေ့စံ '' ဝင်ခဲ့ ''
မျက်နှာသန့်စင်ရန် ရေဇလုံသယ်လာသော အပျိုတော်နှင့် ဝတ်ရုံတော်ကို သယ်ဆောင်လာသော အပျို တော်များက ကျင်ကုန်းကုန်းနောက်မှာ တသီတသန်းပါလာကြတယ်
ကျင်ကုန်းကုန်း '' ကျွန်တော်မျိုးပြင်ဆင်ပေးပါမယ် ''
အိမ်ရှေ့စံ '' ထားခဲ့လိုက်ပါ ''
ကျင်ကုန်းကုန်းနှင့်အပျိုတော်များ သယ်ဆောင်လည်သည့်အရာများကို နေရာချထားပေးပီးနောက်မှာတော့ အခန်းထဲမှ ထွက်သွားကြတယ်
ထုံးစံပင်ဖြစ်တယ်
အိမ်ရှေ့စံက ကိုယ်တိုင်ပြင်ဆင်သည်သာများသည်မို့ မည်သည့်အပျိုတော်ကမှ အိမ်ရှေ့စံမင်းသားနှင့် နီးကပ်စွာ ထိမြင်တွေ့ခွင့်ရရှိခြင်း မရှိခဲ့
ကျင်ကုန်းကုန်း '' အိမ်ရှေ့စံမင်းသား စုရှားအခစားဝင်လိုကြောင်း လျောက်တင်ပါတယ် ''
အိမ်ရှေ့စံ '' ဝင်ခဲ့ ''
ခေါင်းငုံ့ထား၍ သာ ဝင်လာသော စုရှားက အိမ်ရှေ့စံရဲ့ ခြေဖျားကို မြင်ရသည့် အလှမ်းကွာသော အခန်းတွင်နေရာတွင်ရပ်ပြီး လျောက်တင်ခဲ့တယ်
စုရှား '' ဝေ့သခင်လေးကို ပြင်ဆင်ဖို့ လာခေါ်ဆောင်တာပါ အိမ်ရှေ့စံ ''
ဝေ့ပုစိ '' ခလော အင်း ခလူး ''
ဘယ်မှညာသို့ လူးလိမ့်ကာ ဟောက်သံပိစိနဲ့ စပ်တော်ခေါ်နေပါသော ဝေ့သခင်ပေါက်စလေးမှာ အေးအေးချမ်းချမ်းပင်

YOU ARE READING
တစ်ကြော့ပြန်သော သမိုင်းကြောင်း
Fanfictionကြင်ယာတော် ဝေ့ ဘဝမှ သေခဲ့ပြီး ၂၁. ရာစု ၌ ရှောင်းရှောင်ကျန့်အဖြစ်ပြန်လည်မွေးဖွားရာမှာ ကြင်ယာတော်ဘဝက မသေဆုံးမှီ နောက်ဆုံးဆုတောင်းကြောင့် Time travel ဖြစ်သွားပြီး ၂၁ ရာစုမှ ရှေးခေတ်သို့ ရောက်သွားကာ ကြင်ယာတော်ဘဝ ပြန်လည်ရောက်ရှိခဲ့သော် နောက်ဆုံး ဆုတောင်...