Part 1

583 37 0
                                    

Unicode........

နေမ၀င်ခင်ဆဲဆဲအချိန်တောင်ကုန်းတစ်ခု၏ထိပ်တွင်ရပ်နေသောအသက်25နှစ်အရွယ်ကောင်မလေးတစ်ယောက်မှာတစ်ကိုယ်လုံးမှာဓားချက်များပြည့်နှက်နေသောကြောင့်ရဲ၀တ်စုံuniformလေးမှာအနီရောင်သန်းလျက်ရှိနေသည်။ဒဏ်ရာပြည့်နေသော်လည်းသူမ၏ရှေ့တွင်အောင်နိုင်သူတစ်ယောက်လိုကြည့်နေသော16နှစ်အရွယ်ကောင်လေးကိုမျက်ရည်ကျနေရင်းပင်အပြုံးလှလှလေးတစ်ခုဖန်ဆင်းလျက်။သူတို့နှစ်ယောက်၏ဘေးပတ်လည်တွင်အနက်ရောင်၀တ်စုံများဖြင့်ရပ်နေကြသောလူများ။ထိုစဥ်တောင်လမ်းကြားတစ်ခုမှပေါ်လာသောသူမလိုuniform၀တ်ထားတဲ့ရဲတစ်ယောက်မှသူမ၏ရှေ့ရပ်နေသောကောင်လေးထံပစ်လိုက်သောကျည်တစ်ထောင့်ကြောင့်သူမစိုးရိမ်မိသွားလေသည်။မဖြစ်ဘူး ငယ်လေးကိုထိလ်ု့မဖြစ်ဘူး။

''မပစ်နဲ့''

☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️

ဘန်ကောက်မြို့ဘက်ရဲ့တိတ်ဆိတ်ငြိမ်သက်လှသောလုံးချင်းအိမ်ယာများထဲမှတစ်လုံးကအပြင်ဘက်တွင်သစ်ပင်ပန်းပင်လေးများသူ့နေရာနှင့်သူအစီအစဥ်တစ်ကျဖြစ်ထွန်းလျက်ရှိကာအိမ်ပုံစံလေးမှာတစ်ထပ်အိမ်ဆိုပေမဲ့နေချင်စရာအလွန်ကောင်းလှသည်။ထိုအိမ်လေးထဲရှိအိပ်ရာထက်တွင်ခေါင်းများခါရမ်းကာအိမ်မက်ဆိုးမှနိုးထလာခဲ့သောကောင်လေးတစ်ယောက်လဲရှိခဲ့လေသည်။တစ်ခုခုကိုထိတ်လန့်နေသလို

''မလုပ်နဲ့''

နောက်ဆုံးတစ်ခေါက်အသံကျယ်ကျယ်ပြုမူလိုက်ပြီးအိပ်ရာမှနိုးထလာလေသည်။အရှိန်မပြယ်သေးသည့်နှယ် တုန်ယင်နေသောလက်ဖြင့်ဘေးကရေခွက်ထဲမှရေကိုငှဲ့သောက်လိုက်လေသည်။အတန်ကြာမှတုန်ယင်နေသောကိုယ်လေးကတည်ငြိမ်သွားသည့်ဟန်တူသည်။

''shit မက်ပြန်ပြီ၊ဒီအိမ်မက်ပဲလား။ဘာလို့ခဏခဏမက်နေရတာလဲ။အဲ့အိမ်မက်ကိုမက်ပြီးနိုးလာတိုင်းလည်းမျက်ရည်တွေနဲ့ကြီးပဲ။
အားတဲ့နေ့တစ်ရက်လောက်တော့ဘုန်းကြီး
ကျောင်းကိုသွားပြီးအဲ့အိမ်မက်ကြီးထပ်မမက်
အောင်ပရိတ်ကြိုးသွားတောင်းရမယ်။သာဓု''

အားလုံးပဲကျွန်တော်ကNew ပါ။အသက်
ကတော့20စွန်းစွန်းလေး။ကျွန်တော်ရဲ့Porနဲ့
Mae ကတော့Ching Maiမှာနေတာလေ။ကျွန်တော်ကuniတတ်နေတာဆိုတော့ဘန်ကောက်မှာပဲခြံလေးတစ်ခြံ၀ယ်ပေးထားပြီးနေခိုင်းခဲ့တာလေ။အဲ့အိမ်ပိုင်ရှင်ကတော့သေသွားလို့ပိတ်ထားတာကျွန်တော်တောင်မမွေးခင်ကတဲ့။ဒါပေမဲ့လေခင်ဗျားတို့သိကြလား။

အတိတ်၏ချည်နှောင်ခြင်း☘️S1(Complete)Where stories live. Discover now