Part 4

286 31 2
                                    

Unicode..........

''တီ တီ တီ´´

        မနက်ခင်း၏အလှအပကိုခံစားချင်သူများအဖို့နေရောင်ခြည်နွေးနွေးလေးမှာအရမ်းကိုကြည်နူးဖွယ်ကောင်းသလောက်အအိပ်မက်သောNew အဖို့ကြောက်မက်ဖွယ်ရာအတိဖြစ်လှသည်။စောစောထကာကျောင်းသွားရပေမည်မဟုတ်လား။

'' ဟာကွာ သူများတွေအိပ်ကောင်းနေတုန်းပါဆိုဌက်ဆိုးထိုးသံကြီးကမည်လာပြီ။မထလို့ကလည်းမရ။သြော်သနားစရာကောင်းတဲ့ငါ့ဘ၀လေး ´´

        တစ်ခါတစ်လေNew တွေးမိသည်။နိုးစက်သာမတော်တဆလူအဖြစ်ပြောင်းလို့ရခဲ့ရင်သူ့အား၎က်ဆိုးထိုးသံကြီးလို့ပြောထားတဲ့အတွက်New အားထရိုက်များပင်မသိ။
        
          Newလည်းရေချိူးအ၀တ်အစားလဲပြီး
Overtineဗူးလေးအားသောက်ကာကျောင်းသို့ထွက်လာခဲ့သည်။ကျောင်းCanteen တွင်gunတစ်ယောက်ကြိုရောက်နေ၍Newနှခေါင်းရှုံ့မိသည်။အပြောခံမည့်အရေးကိုကြိုတွေးပြီးသာgunအနားလာခဲ့သည်။

''ချစ်လေးရောက်နေတာကြာပြီလား ဟဲဟဲ´´

''ဘောကိုချစ်လေးပါလား မင်းနောက်
 ကျပြန်ပြီ´´

''ဟိုးထားဆရာ:ငါဗိုက်ဆာနေတယ်။နားပူမခံရခင်တော့ငါ့ဗိုက်လေးကိုအရင်ဖြည့်ခွင့်ပေးပါကွာ´´

''မင်းကတော့ပြောလိုက်ရင်ဒါပဲ ဒီမှာ
မင်းအတွက်ကြက်ပင်စိမ်းထမင်းကြော်မှာပေးထားတယ်´´

''အာ့တွေကြောင့်မင်းကိုချစ်နေရတာ´´

''Shit ပြောပြန်ပြီ´´

''စတာ စတာ မပြောတော့ဘူး´´

      Newတို့နှစ်ယောက်canteenတွင်စားသောက်ပြီးအတန်းထဲသို့၀င်လာခဲ့သည်။သူတို့နှစ်ယောက်အတန်းထဲ၀င်သွားမှပြန်လှည့်လာခဲ့သောကောင်လေးတစ်ယောက်လည်းရှိခဲ့သည်။ထိုကောင်လေးမှာအခြားသူမဟုတ်။off jumpolပင်ဖြစ်သည်။

☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️

             မနေ့ကလည်းတစ်နေကုန်မနားရသေးအနံ့ခံနေကြသောခွေးများကိုလည်းနှုတ်ပိတ်ရသေးသည်။ရှင်းလင်းပြီးပြီးချင်းph ၀င်လာကာအိမ်ကိုမ၀ယ်ရန်ပြောပြီးကောင်လေးအကြောင်းပါစုံစမ်းပေးရန်တာ၀န်ကျလာတော့off တစ်ယောက်ကျောင်းတွင်အစောကြီးရောက်နေခဲ့ခြင်းဖြစ်သည်။ကျောင်းစာရေးအားပိုက်ဆံထိုးပေးပြီးကောင်လေးအချက်အလက်များအားတောင်းကြည့်လိုက်သည်။ရပြီဆိုတော့မှcanteenတွင်ထိုင်ကာထမင်းကြော်တစ်ပွဲမှာစားလိုက်သည်။

အတိတ်၏ချည်နှောင်ခြင်း☘️S1(Complete)Where stories live. Discover now