Part 3

307 29 0
                                    

Unicode........

   
      ဖြူလွှလွှ အုတ်ဂူလေးရှေ့တွင်ပန်းစည်းကိုကိုင်ကာမတ်တပ်ရပ်နေသောTay။ကြေကွဲခြင်းအပြည့်ဖြင့်အုတ်ဂူအားစိုက်ကြည့်နေလေသည်။အုတ်ဂူလေးထက်တွင်နေရာယူထားသော

         ''ဒုရဲအုပ်Fail
          ( 25)Years´´

      ပန်းစည်းလေးအားဂူပေါ်တင်လိုက်ပြီး

''ဒီနေ့နဲ့ဆိုခင်ဗျားထွက်သွားတာနှစ်20နီးပါးဖြစ်သွားပြီနော်။ကျွန်တော့်ရဲ့မိုက်မဲခဲ့တဲ့အမှားတွေအတွက်ထပ်ပြီးတောင်းပန်ပါတယ်။´´

      အကြာကြီးခေါင်းငုံ့ကာတောင်းပန်လိုက်လေသည်။

''အဟက် ကျွန်တော်ကခွင့်လွှတ်ဖို့မတန်တဲ့ကောင်ပါ ဟုတ်တယ်မလား´´

        တိုက်ခက်လာသောလေနုအေးလေးကTayကိုယ်အားတိုက်ခတ်ကြည်စားသွားသလို။Tay သက်ပြင်းချလိုက်ကာ

''သွားခွင့်ပြုပါဦး´´

     Tay လည်းပြောပြီးသည်နှင့်ကားမောင်းပြီးပြန်ထွက်လာခဲ့သည်။သို့သော်အိမ်မှာလူတစ်ယောက်ရောက်နေတယ်ဆိုတဲ့အကြောင်းတွေးမိသွားပြီး စံအိမ်သို့မပြန်ခင်အိမ်လေးဆီသို့ထွက်လာခဲ့၏။အိမ်မျက်နှာချင်းဆိုင်တွင်ကားကိုရပ်ကာအိမ်လေးအားကြည့်နေလေသည်။ခဏအကြာအိမ်ထဲမှကောင်လေးတစ်ယောက်အထုတ်ကြီးဆွဲကာထွက်လာလေသည်။
    
       ဆံပင်များကိုစုစည်းထားပြီးshirt အကျီလက်တိုအဖြူ၊ဒူးလောက်သာရှိသောဘောင်းဘီနှင့်ပါးစပ်ကလည်းပေါင်မုန့်ကိုကိုက်ကာလမ်းလျှောက်သွားလေသောကောင်လေးကိုကြည့်ပြီးTay ပြုံးလိုက်လေသည်။

   ''ဘယ်လိုလေးလဲကွာ အမှိုက်သွား
ပစ်တာတောင်ပါးစပ်ကမုန့်ကိုမချဘူး။အသားကလည်းဖွေးလိုက်တာPolar ၀က်၀ံပေါက်အတိုင်းပဲ´´

        တစ်စုံတစ်ခုကိုသတိရသွားသည်ထင်ph ကိုယူကာနံပါတ်တစ်ခုကိုကောက်ဆက်လိုက်သည်။

''Offဟိုအိမ်လေးကိုဒီတိုင်းပဲထားလိုက်
တော့ပြန်မ၀ယ်နဲ့တော့။ပြီးတော့အဲ့အိမ်မှာနေတဲ့ကောင်လေးအကြောင်းအစအဆုံးစုံစမ်းပေး´´

''  Ok´´

      Tay. Ph ကိုချလိုက်ပြီးနှုတ်ခမ်းတို့ကတွန့်ကွေးသွားသည်။

အတိတ်၏ချည်နှောင်ခြင်း☘️S1(Complete)Where stories live. Discover now