Part 9

262 27 6
                                    

Unicode..........

It´s been a long day without you my
friend....

And I´ll tell you all about it when I see you again...

We´ve come a long way from where we began.....

       အိပ်ခန်းထဲမှထွက်လာသောTay
ခြေလှမ်းများတုံ့ခနဲရပ်သွားလေသည်။တိုက်ဆိုင်တာပဲလားမသိ.ယခင်ကဒီအိမ်လေးမှာပဲကြားခဲ့ဖူးသောသီချင်းသံကိုထပ်ကြားရပြန်ပြီ။မီးဖိုချောင်ရောက်တော့ new သီချင်းဆိုလျက်ကြမ်းတိုက်နေသည်ကိုတွေ့ရလေသည်၊၊Tay ကိုမြင်သွားပြီး

''အာ နိုးပြီလား ကျွန်တော်ဆန်ပြုတ်လုပ်ထားတယ် လာသောက်လိုက်ဦး´´

''New ရောဘာစားပြီးပြီလဲ´´

''ကျွန်တော်ထမင်းစားပြီးပြီ။ခဏလေးနော်သွားထည့်ပေးမယ်´´

     Tayထိုင်ခုံမှာထိုင်စောင့်နေလိုက်သည်။ခဏအကြာဆန်ပြုတ်ပန်းကန်နဲ့အတူnew ရောက်လာခဲ့သည်။

''ပူတုန်းလေး စားလိုက်နော်။ဆန်ပြုတ်ဆိုတာပူတုန်းပဲစားကောင်းတာ ´´

''New ချက်ထားတာလား´´

''ဟီး ဟီး တစ်ခါမှမချက်ဖူးဘူး။ဒါပေမဲ့အများကြီးကြိုးစားကြီးချက်ထားပါတယ်´´

     Tay သောက်ကြည့်လိုက်တော့ဆန်ပြုတ်ကဘာအရသာမှမရှိ။ဘေးမှစိုက်ကြည့်နေသောအကောင်ပေါက်ကြောင့်ဟန်မပျက်ဆက်သောက်နေလိုက်သည်။

''စားကောင်းလားဟင် အရသာအတော်
   ပဲလား´´

''အရမ်းစားကောင်းတယ်New ကဟင်းချက်တတ်သားပဲ´´

''တော်သေးတာပေါ့ ကျွန်တော်ကပစ်ကတော့မယ်ထင်တာ´´

ငယ်ကကိုယ့်အတွက်ပင်ပင်ပန်းပန်းချက်ထားတာပဲ..အဆိပ်ဖြစ်ခဲ့ရင်တောင်ကိုယ်ပျော်ပျော်ကြီးသောက်မှာပါ။

''P´Tay´´

''Ja ´´

''ဘာတွေစဥ်းစားနေတာလဲကျွန်တော်
   ခေါ်နေတာကြာပြီ´´

''ဘာမှမဟုတ်ပါဘူးဒါနဲ့ခုနကဆိုတဲ့သီ
   ချင်းကိုNewကြိုက်လား´´

''ကြိုက်ဒေ အဲ့သီချင်းသံကြားရင်တစ်
   ခုခုကိုမျှော်နေရသလိုခံစားရတယ်´´

''ဘယ်လိုသဘောမျိူးနဲ့နားထောင်တာလဲ´´

''ဟင် ပြောတာနားမလည်ဘူး´´

အတိတ်၏ချည်နှောင်ခြင်း☘️S1(Complete)Where stories live. Discover now