Part 26

321 29 12
                                    

Unicode

        ပတ်၀န်းကျင်တစ်ခုလုံးလည်းမဲမှောင်ကာဘယ်မှလာမှန်းမသိတဲ့အခိုးအငွေ့တွေနဲ့ပြည့်နှက်နေသောနေရာတစ်ခု။Newလျှောက်သွားနေရင်းတောင်ကုန်းတစ်ခုကိုရောက်ရှိသွားသည်။ထိုတောင်ကုန်းကတော့သူရဲ့မက်နေကျအိမ်မက်ထဲကနေရာလေးပါပဲ။တွေ့ပါပြီသူရဲ့တွေ့နေကျရဲမေUniformနဲ့တစ်ယောက် တစ်ကိုယ်လုံးလည်းသွေးတွေနဲ့ပေကျံနေလေရဲ့။ဒီမိန်းကလေးကိုပဲခဏခဏမက်နေတာကိုကnewစဥ်းစားလို့မရတာပင် ထိုမိန်းကလေးမှာသူ့ရှေ့တွင်ရှိနေသောလူငယ်လေးတစ်ယောက်ကိုအလှဆုံးအပြုံးဖြင့်ပြုံးပြနေလေသည်။ထိူလူငယ်မှာနောက်ကျောပင်မြင်နေရသောကြောင့်အရှေ့ကိုတိုးလာခဲ့သည်။သို့သော်ထိုလူငယ်ကNewဘက်ဖြည့်ညင်းစွာလှည့်လာလေသည်။တွေ့လိုက်ရသောမျက်နှာကြောင့်newထိတ်လန့်ခြောက်ခြားစွာဖင်ထိုင်လျက်လဲကျသွားသည်။ကိုကို သူဘာလို့ဒီမှာရောက်နေရတာလဲ တစ်ဆက်ထဲမှာပင်သူ့လက်ထဲကသေနတ်နဲ့Newဘက်ကိုချိန်လာလေသည်။

''ကိုကို ဘာ ဘာလုပ်မလို့လဲသေနတ်ကိုချလိုက်ပါ´´

       Newပြောနေသည်ကိုဂရုမစိုက်သည့်အလားသေနတ်မောင်းကိုဆွဲတင်လိုက်လေသည်။ပြောမရသည့်အဆုံးnewပြေးထွက်လာခဲ့လေသည်။အကြာကြီးပြေးလာရသောကြောင့်မောဟိုက်လာကာခဏရပ်နားလိုက်ရသည်။နောက်ကိုလှည့်ကြည့်တော့မြင်ကွင်းမှာလုံး၀ရှင်းလင်းနေလေသည်။တော်သေးပါရဲ့ဆက်လိုက်မလာလို့ရှေ့ကိုပြန်လှည့်လိုက်စဥ်လည်ပင်းနားသို့ရောက်နေသောသေနတ်ပြောင်း၀

ကိုကို!

''ဟားဟားမင်းကိုသတ်မှာ မင်းသေကိုသေရမယ်´´

''အား ကိုကို မလုပ်ပါနဲ့´´

      ယောင်နေသလိုအသံတွေကြောင့်Tayလန့်နိုးလာပြီးဘေးကိုကြည့်တော့မျက်နှာပြင်တစ်ခုလုံးချွေးတွေ၀ေ့သီကာဘယ်ညာယိမ်းခါနေသောသူရဲ့ငယ်။ဘယ်ဟာကိုမက်နေလဲဆိုတာသူသာအသိဆုံးပင်။

''ငယ် ကိုယ်ခေါ်နေတာကြားလား..နိုးထလာတော့နော် အဲ့အိမ်မက်တွေကနေရုန်းထွက်လိုက်ပါတော့ ငယ်´´

''ဟင်း  ကိုကို´´

        လက်တွေပါယိမ်းခါနေသောကြောင့်လက်ကိုပါချုပ်ထားပြီးရင်ခွင်ထဲသာထည့်ထားလိုက်လေသည်။

အတိတ်၏ချည်နှောင်ခြင်း☘️S1(Complete)Where stories live. Discover now