Part 14

266 31 13
                                    

Unicode...........

''တီ တီ တီ ´´

       နိုးစက်၏အချက်ပေးသံအဆုံးNewနိုးလာလေသည်။ခဏတာမျှအကြောဆန့်ကာရေမိုးချိူးဖို့ပြင်ရသည်။Coffeeဆိုင်မှာအလုပ်ပြန်၀င်ရမည်မဟုတ်ပေလား။

ညကအိမ်မက်ကလဲသောက်ဆန်းကြီးကွာ။ဘယ့်နှယ့်ငါလေးကိုမင်းသားတစ်ပါးကနှဖူးလေးကိုဖွဖွလေးကိုင်ရတယ်လို့။မင်းသမီးချောချောလေးဆိုတော်သေးတယ်ကွာဒါနဲ့´Tayရောနိုးနေပြီလားသိဘူး။

      Newအ၀တ်အစားလဲကာအခန်းပြင်ထွက်လာခဲ့လေသည်။P´Tayအခန်းကတော့ခုထိမပွင့်သေး။မုန့်တစ်ခုနဲ့ဗိုက်ကိုအစာကျွေးကာ
Coffee bar သို့ထွက်လာခဲ့လေသည်။

Coffee Bar

     Gunမရောက်သေး၍သူပဲအရင်ဆိုင်ဖွင့်ပြီးလုပ်စရာရှိတာဆက်လုပ်နေလိုက်သည်။

''အယ်စောစောစီးစီးပါလားဟ´´

''ဒီလိုပဲလေအလုပ်လုပ်ချင်တဲ့သူတွေ
ဆိုတော့လည်း´´

''မင်းကလည်းကွာ ငါခုမှနောက်ကျတာ
ပါ။အရင်ကဆိုမင်းပဲနောက်ကျနေတာနော်။စကားကိုဆင်ခြင်ပြောလိုက်စမ်း ဟွန့်´´

''ဟုတ်ပါပြီကွာ မင်းကိုမစတော့ဘူး´´
       
''Awwဒါနဲ့မေ့တော့မလို့ ငါတို့ရဲ့ဆိုင်
ပိုင်ရှင်ကပြောင်းသွားပြီကွ မင်းကိုပြောဖို့မေ့နေတာ´´

''ဘယ်သူလဲမင်းသိလား´´

''မသိဘူးလေသူ့ဘာသူဘာဖြစ်ဖြစ်လေ
ငါတို့ကအလုပ်သမားတွေပဲကိုရှိတယ်
တောင်ထင်ရင်ကံကောင်း´´

''ဒီလိုပါပဲကွာ ကဲပါငါပန်းကန်တွေမင်းအတွက်ပုံထားတယ်´´

''သောက်ကျင့်ကိုက´´

ဟဲ ဟဲ

☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️

     ညဥ်နက်မှအိပ်ရာ၀င်ဖြစ်တော့Tayနောက်
ကျမှအိပ်ရာနိုးလေသည်။သူနိုးတော့အကောင်ပေါက်ကမရှိတော့။သို့သော်ထမင်း
စား၀ိုင်းတွင်ကပ်ထားသောစာလေးတစ်ခုကြောင့်အလိုလိုပြုံးမိသွားသည်။

''P´Tayဒီနေ့အိပ်ရာထနောက်ကျတယ်နော်ကျွန်တော်ကတော့အလုပ်ရှိလို့သွားပြီ။
နိုးလာရင်စားဖို့ကျွန်တော်ပေါင်မုန့်ကျော်ထား
တယ်အဲ့တာစားလိုက်နော် ´´

အတိတ်၏ချည်နှောင်ခြင်း☘️S1(Complete)Where stories live. Discover now