Part 19

328 26 2
                                    

Unicode...

''ငယ်ဘာစားမလဲကိုယ်ဘာ၀ယ်ပေး
ရမလဲ´´

    အိပ်ရာထဲတွင်gameဆော့နေသောnew
အားလှမ်းမေးလိုက်လေသည်။ဒါတောင်အကောင်ပေါက်ကအရေးမလုပ်gameကိုသာသဲကြီးမဲကြီးဆော့နေလေသည်။

''ငယ် ကိုယ်မေးနေတယ်လေငယ်´´

''ဟာဗျာ မဆာလို့ပေါ့ဗျာ ဘာလို့လာ
မေးနေတာလဲ´´

      Newအော်သလိုဖြစ်သွားတော့Tayမျက်
နှာညိုးကျသွားလေသည်။Tayစိတ်ပျက်သွားအောင်ကလန်ကဆန်ပြောလိုက်သော်လည်းထိုအရာကိုမြင်လိုက်တော့newလည်းစိတ်မကောင်းပေ။ကိုယ့်ကိုစားချင်တာစားလို့ရအောင်ပြောတာပဲမဟုတ်လား

''ဟိုကျွန်တော်တစ်ကယ်မဆာလို့ပါ´´

''ရပါတယ်ငယ်ခုနကမှဆန်ပြုတ်
သောက်ထားတာကိုမေ့ပြီးမေးလိုက်
တာပါ။စားချင်တာရှိရင်ကိုယ့်ကိုပြော
နော်ကိုယ်အပြင်မှာရှိမယ်´´

     ထိုသို့ပြောပြီးTayထွက်သွားခဲ့သည်။သေချာပေါက်ကိုသူစိတ်မကောင်းဖြစ်မည်သာ။

''ကျစ်gameကရှုံးပြန်ပြီကွာ´´

       Phကိုပြစ်ချလိုက်ပြီးnewအိပ်ရာပေါ်လှဲလိုက်သည်။ခုနကအခြေအနေကိုပြန်တောင်းပန်ချင်ပေမဲ့မာနကလက်မခံ။သို့သော်သူမျက်နှာညိုးသွားတာမြင်တော့လည်းသူလည်းစိတ်မကောင်းမိသည်။newအိမ်ရှေ့ကိုထွက်လာတော့Tayဆိုဖာပေါ်တွင်ထိုင်နေလေသည်။သူ့ကိုတွေ့သည်နှင့်

''ငယ် ဘာလဲစားချင်တာစဥ်းစားပြီးပြီ
လား´´

''ခုနကအတွက်တောင်းပန်ပါတယ်။မ
ရည်ရွယ်ပါဘူး´´

''ဘယ်ဟာကိုပြောတာလဲငယ်ရဲ့´´

''Pကျွန်တော့်ကိုစိတ်မဆိုးဘူးလား´´

''စိတ်ဆိုးရမယ် ဘာစိတ်ဆိုးစရာရှိလို့
လဲ။တစ်ကယ်ဆိုကိုယ်ကမှားတာလေ
ကိုယ်ဘယ်တော့မှငယ့်ကိုစိတ်ဆိုးမှာ
မဟုတ်ဘူး။ငယ်စားတတ်တာလေးတွေ
သွား၀ယ်လိုက်ဦးမယ်။ငယ်ဗိုက်ဆာရင်
စားလို့ရတာပေါ့´´

Tayထွက်သွားရာကျောပြင်ကိုnewငေးကြည့်နေမိသည်။သူတကယ်ပဲစိတ်မဆိုးတာလား။

အတိတ်၏ချည်နှောင်ခြင်း☘️S1(Complete)Where stories live. Discover now