Part 10

294 29 7
                                    

Unicode.......

''ဟင့်အင်း မလုပ်ပါနဲ့ မပစ်နဲ့ ဟင့် ´´

       အသံတစ်ခုကြားလိုက်ရသေးကြောင့်အ
တိတ်ဆီသို့ရောက်ခဲ့သောအတွေးများကပြန်အသိ၀င်လာခဲ့သည်။နားထောင်ကြည့်လိုက်တော့ငယ်အခန်းထဲကဖြစ်၍Tayချက်ချင်းထလာခဲ့သည်။Tay အခန်းထဲရောက်တော့အိပ်ရာထက်မှကောင်ငယ်လေးမှာလူးလှိမ့်နေသည်။တစ်ခုခုကိုယောင်နေသည်ထင်ပါရဲ့။

''New Newကိုယ် ခေါ်နေတာကြားလား
New New

      အတန်ကြာအောင်လှုပ်နှိုးလိုက်မှNewနိုးလာခဲ့သည်။နိုးနိုးချင်းပင်Tay အားဖက်ကာငိုချလိုက်လေသည်။Newအိမ်မက်ကိုကြောက်လွန်းလို့ဖက်ထားတဲ့သူကသူစိမ်းဆိုတာတောင်သတိမရတော့။

''အဟင့် ကျွန်တော်ကြောက်တယ်´´

''မကြောက်နဲ့ ကိုယ်ရှိတယ်။အိပ်ပျော်
အောင်အိပ်လိုက် ကိုယ်စောင့်ပေးမယ်နော်
အင်း အင်း  မငိုနဲ့တော့´´

   New ၏ကျောပြင်လေးကိုဖွဖွလေးပုတ်ပေးလိုက်တော့မှရှိုက်သံလေးသာထွက်ပြီးပြန်အိပ်ပျော်သွားလေသည်။Tayထရန်ပြင်လိုက်သော်လည်းတင်းကြပ်စွာဖက်ထားသောကြောင့်ထလို့မရ။နေမြဲအတိုင်းပင်ဆက်နေလိုက်ရသည်။ငိုထားသောကြောင့်ပေတလူးလေးဖြစ်နေသောပါးပြင်လေးကိုခပ်ဖွဖွသုတ်ရင်း

''ဘယ်လောက်ကြောက်ဖို့ကောင်းတဲ့အိမ်မက်ဆိုးတွေမက်နေရတာလဲငယ်ရယ်။ပင်ပန်းလိုက်တာ´´

☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️

တီ   တီ    တီ

     အချက်ပေးနိုးစက်သံနဲ့အတူရင်ခွင်အောက်မှာတင်းကြပ်စွာအဖက်ခံထားရသော
ကောင်ငယ်လေးမှာနိုးလာခဲ့သည်။
နိုးစက်သံကိုပိတ်ကာဒီဘက်အလှည့်

''အင်း ငါ့ကိုဘယ်သူဖက်ထား P အု´´

        အိပ်ချင်စိတ်များပင်ဘယ်ရောက်သွားမှန်းမသိ။နိုးသွားမည်ဆိုးသောကြောင့်လက်ကိုအမြန်ပိတ်ရသည်။လှုပ်လဲမလှုပ်ရဲ
မျက်ခုံးထူထူ၊နှာတံစင်းစင်း၊ဆေးလိပ်သောက်တတ်သည်ထင်အညိုဘက်သန်းနေသောနှုတ်ခမ်းနှင့်အိပ်ပျော်နေတာတောင်ခန့်ညားမှုတို့ပျောက်မသွားသောထိုလူသားကိုNewငေးကြည့်နေမိသည်။

အတိတ်၏ချည်နှောင်ခြင်း☘️S1(Complete)Where stories live. Discover now