part 2

355 32 5
                                    

Unicode ..

Tay Tawan

       ပြည်တွင်းပြည်ပတွင်မီးအလျံကဲ့သို့ဟုန်းဟုန်းတောက်အောင်မြင်ကျော်ကြားနေသောTop 10၀င် စီးပွားရေးလုပ်ငန်းရှင်တစ်ဦး။အာဆီယံနိုင်ငံတွေသာမကအနောက်နိုင်ငံတွေအထိသူ့ရဲ့စီးပွားရေးလုပ်ငန်းများကထိုးဖောက်လျှက်ရှိသည်။လက်ညိုးထိုးရာရွှေဖြစ်အောင်ပြောင်းလဲပေးနိုင်တဲ့လူငယ်တစ်ယောက်ကိုအမျိူးသမီးရှင်တွေကဘယ်လိုလက်လွှတ်ရက်ပါ့မလဲ။သူတို့ရဲ့သမီးများနဲ့တစ်နည်းမဟုတ်တစ်နည်းရေလာမြောင်းပေးလုပ်ကြလေသည်။

        သို့သော် ဒါဟာ လူတိုင်းအားကျလောက်တဲ့ Tay Tawanဆိုတဲ့လူရဲ့အလင်းဘက်ခြမ်းသာဖြစ်ပြီး အမှောင်ဘက်ခြမ်းကိုတော့ဘယ်သူမှသိမြင်ဖူးမယ်မထင်။Demon ဆိုတဲ့နာမည်ကြားရုံနဲ့တင် အမှောင်လောကဂိုဏ်းသားများကဖိန့်ဖိန့်တုန်အောင်ကြောက်တဲ့ထိကိုသူ့ရဲ့ Mafia လောကအင်ပါယာကလဲကျယ်ပြန့်လှသည်။မူးယစ်ဆေး ၊လက်နက်  ၊ခဲ ၊ယမ်း ကအစ တင်သွင်းဖြန့်ချီသည်။အနောက်နိုင်ငံတော်တော်များများက သူ့ဆီကသာ၀ယ်ယူလေ့ရှိလေသည်။

      15 နှစ်အရွယ်ကစ၍ အဖေဖြစ်သူနဲ့ဒီလောကထဲကိုခြေစုံပြစ်၀င်ခဲ့တာဖြစ်ပြီး 20လောက်မှာပဲ ဂိုဏ်းအားလုံးကိုစုရုံးပြီးဦးဆောင်နိုင်တဲ့ထိကိုသူ့ရဲ့အရည်အချင်းကဘယ်သူမှလိုက်မမှီနိုင်ချေ။ယခုအသက် ၃၅နီးပါးဖြစ်လာတာတောင်သူရဲ့အရှိန်အ၀ါကကျမသွားခဲ့။သူ့အပေါ်သစ္စာဖောက်တဲ့သူများကိုလဲလွယ်လွယ်နဲ့သတ်မပြစ်တတ်။အရက်စက် ဆုံးနည်းလမ်းများနဲ့တစ်ဖက်လူကသေချင်နေပါပြီတော်ပါတော့လို့ပြောရတဲ့ထိကိုအပြစ်ပေးကာရက်ရက်စက်စက်ပဲသတ်ပြစ်တတ်သည်။ဒါဟာသူ့အပေါ်သစ္စာဖောက်တဲ့သူတွေရဲ့သွားရာလမ်းလို့ပဲသတ်မှတ်ထား၏။

☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️

Tawan စံအိမ်

''မင်းတို့ဒီလောက်လေးတောင်စောက်ဖြစ်ရှိအောင်လုပ်မလာနိုင်တာရှေ့မှာချထားတာတွေလား။အဲ့သေနတ်တွေနဲ့သာကိုယ်ခေါင်းကိုယ်ချိန်ပြီးသာသတ်သေပြစ်လိုက်ကြတော့´´

     စံအိမ်ရဲ့မြေအောက်ခန်းတစ်နေရာတွင်
ဆိုဖာထိုင်ခုံပေါ်တွင်ခြေချိတ်ထိုင်ကာTay ဒေါသတကြီးအော်​ပြောလိုက်လေသည်။
သူ့ရှေ့တွင်ဒူးထောက်ထိုင်နေကြသောလူသုံးယောက်မှာသူ့စကားသံဆုံးသည်နှင့်သေနတ်ကိုယ်စီယူပြီး ကိုယ့်ကိုယ်ကိုအဆုံးစီရင်လိုက်ကြလေသည်။သူတို့ရဲ့သေခြင်းရှင်ခြင်းက သူတို့ရဲ့သခင်နဲ့ဆိုင်နေတော့သခင်ကသေဆိုတော့လဲသေရမည်သာ။သေဆုံးသွားသောလူများကိုကြည့်ပြီး

အတိတ်၏ချည်နှောင်ခြင်း☘️S1(Complete)Where stories live. Discover now