Part 29

260 26 16
                                    

Unicode...........

မနက်ခင်းလေးမှာအေးစက်နေသော်ငြားလဲတစ်စုံတစ်ယောက်ရဲ့ရင်ခွင်ထဲမှာ၀င်နေရသောသူအဖို့ကတော့နွေးထွေးနေသည်မှာအသေအချာပင်။တင်းကျပ်စွာပွေ့ဖက်ထားသောလူကြီးကြောင့်Gunနိုးလာခဲ့လေသည်။အောက်ပိုင်းကနာကျင်မှုနဲ့အတူညကအဖြစ်အပျက်များပါခေါင်းထဲတန်းစီ၀င်ရောက်လာလေသည်။

''fuck me ´´

''Gun´´

ဟာသွားပြီ ဖြစ်ခဲ့သမျှအရာအားလုံးကသူကပဲအရင်စမှားခဲ့တာတဲ့လား။သူအရင်မြူစွယ်ခဲ့လို့ဖြစ်ခဲ့တဲ့အမှားတွေပဲ ။P'Offသူ့ကိုအရမ်းကိုအထင်သေးနေလောက်ပြီဘာလုပ်ကပါ့မလဲ

တွေးနေရင်းပင်မျက်ရည်များစွာကျဆင်းလာလေသည်။အိပ်ရာထက်တွင်တော့
P'Offမှာခုထိမနိုးသေးပေ။မျက်နှာပြင်နုနုလေးအားအချိန်ကြာတဲ့အထိစိုက်ကြည့်နေခဲ့ပြီးချလိုက်သောဆုံးဖြတ်ချက်တစ်ခု။သူထွက်သွားရမည်သာ ကိုယ်ကပဲချစ်မိနေခဲ့တော့ဒီလူကြီးရဲ့အကြည့်များကိုရင်နာနာနဲ့ခံယူရမည့်အစားထွက်သွားလိုက်တာသူ့အတွက်ပိုအဆင်ပြေနိုင်မှာပါ။အနည်းဆုံးတော့သူ့ကိုမမြင်ရရင်P'Offဒေါသတွေပြေနိုင်လောက်ပါရဲ့အ၀တ်အစားအချို့အားတိတ်တဆိတ်ယူလိုက်ပြီးစာတစ်စောင်ရေးထားခဲ့ကာဘေးတွင်ချထားလိုက်လေသည်။အခန်းတံခါးထဲကမထွက်ခင်တွင်နောက်တွင်ကျန်ခဲ့သောသူအားတစ်ချက်ပြန်လည်ငေးကြည့်မိခဲ့

''နှုတ်ဆက်ခဲ့ပါတယ်P'Off´´

☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️

''ကိုကိုမြန်မြန်လုပ်လို့ကြာလိုက်တာ´´

''လာပါပြီငယ်ရယ် အဲ့လောက်တောင်ပျော်လား´´

''ဟီးဟီး ပျော်တာပေါ့ကိုကိုကလည်း
Maeတို့နဲ့တွေ့ရတော့မှာ´´

''ဟုတ်ပါပြီဗျ ကားထဲကို၀င်ထိုင်လို့ရပါပြီ´´

နှစ်ယောက်စာအ၀တ်အစားနဲ့အသုံးအဆောင်များကိုTayထည့်ပြီးအောက်ဆင်းအလာကားနားတွင်ခြေကိုဆောင့်ကာအော်ခေါ်နေသောသူရဲ့အချစ်ကလေး။luggageနဲ့လက်ဆောင်တွေကိုပါကားနောက်ခန်းတွင်စုထည့်လိုက်ပြီးသူရဲ့အချစ်ကလေးနဲ့Ching Mai ကိုသွားရန်လေယာဥ်ကွင်းသို့ထွက်လာခဲ့ကြလေသည်။အစောပိုင်းဖြစ်တာကြောင့်နေရောင်ခြည်ကနွေးထွေးနေ၏။

အတိတ်၏ချည်နှောင်ခြင်း☘️S1(Complete)Where stories live. Discover now