Part 30

275 28 10
                                    

Unicode......

P'Off

❀ တောင်းပန်ပါတယ်ဆိုတဲ့စကားကလွဲပြီး
ကျွန်တော့်မှာပြောစရာစကားမရှိပါဘူး...

❀ ကျွန်တော်ကိုယ်တိုင်တောင်မနက်မှသိခဲ့ရတဲ့အဖြစ်တွေပါအဲ့အတွက်အထင်မသေးပါနဲ့နော်ကျွန်တော်အဲ့လိုလူစားမျိူးမဟုတ်ပါဘူး

❀ဖြစ်ခဲ့တာတွေအတွက်ကိုPတာ၀န်ယူမှရမယ်ဆိုတဲ့စိတ်ကြီးကိုမတွေးစေချင်ဘူး။ကျွန်တော်စခဲ့တဲ့အမှားတွေမလို့ထွက်သွားပေးပါ့မယ်။အရာအားလုံးကအချိန်တန်ရင်သူ့ဟာနဲ့သူပြန်ဖြစ်သွားမှာပဲလေ

❀ ကျွန်တော့်ကိုကျေးဇူးပြုပြီးမမုန်းပါနဲ့နော်

နှုတ်ဆက်ခဲ့ပါတယ်P'Off

ထိုအပိုင်းအစစာရွက်လေးကိုဘယ်နှစ်ခေါက်မှန်းတောင်မသိတော့တဲ့အရေအတွက်နဲ့ထပ်တလဲလဲဖတ်နေသောလူတစ်ယောက်။သူ့ဘေးတွင်လည်းကုန်နေသောပုလင်းအခွံများကတန်းစီနေလေပြီ။ထပ်မံ၍စိတ်ညစ်နေသည့်ဟန်ဖြင့်ရှေ့တွင်ချထားသောအရက်ခွက်ကိုသာကောက်မော့လိုက်လေသည်။ထိုသို့ပူလောင်ခါးသက်လှသောအရက်တွေသည်ပင်offဆိုသည့်လူသား၏ရင်တွင်း၌ဖြစ်ပေါ်နေသောပူပန်မှုကိုမထိုးဖောက်နိုင်ခဲ့ချေ။

သုံးရက် သုံးရက်ရှိပြီ gunဆိုတဲ့လူသားလေးကိုသူရှာမတွေ့ခဲ့တာ။offအိပ်ရာနိုးနိုးချင်းတွေ့လိုက်ရသောစာ"လေးတစ်စောင်ကိုဖတ်ပြီးရင်မှာပူထူလာကာတပည့်များအားနေရာစုံမှန်သမျှလိုက်ရှာခိုင်းခဲ့သည်။ထို့အပြင်Rose
ကိုလည်းအကြောင်းစုံပြောပြီးလက်ထပ်ရန်ခွင့်ပြုချက်ပင်တောင်းခဲ့သည်။သူသွားတတ်တဲ့နေရာတွေထိRoseကိုအကုန်မေးကာတစ်နေရာမကျန်ရှာဖွေခဲ့သည်။သို့သော်ထိုကလေး၏သတင်းကိုအစအနပင်မတွေ့ရချေ။

''အေ့ ကိုယ်ကမနက်ဖြန်ရောက်ရင်လက်ထပ်ခွင့်တောင်းမယ်လို့စဥ်းစားထားတာလေ။ဘာလို့ကိုယ်က အေ့ ကလေးကိုထင်ရက်မှာလဲကွာ။အပုန်းကောင်းလိုက်တာကလေးရာ ပြန်လာခဲ့ပါတော့ကိုယ်အရမ်းလွမ်းလှပြီ''

ဒုန်း ခွမ်း

လက်ကျန်အရက်ကိုထည့်စဥ်ကိုယ်ရှိန်မသတ်နိုင်ဘဲဖန်ပုလင်းပါအောက်သို့ပြုတ်ကျပြီးကွဲသွားခြင်းနှင့်အတူခေါင်းကပါတစ်ခါတည်းထိုင်ခုံပေါ်တွင်မှောက်သွားလေသည်။တပည့်များမှာလည်းbossဖြစ်သူ၏အဖြစ်ကိုကြည့်ပြီးလိုက်ရှာစုံစမ်းပေးနေရုံကလွဲပြီးကျန်တာဘာမှမတတ်နိုင်ချေ။bossကိုယ်ကြီးအားတွဲကာBarရှိVIPအခန်းတွင်ချထားပြီးအခန်းပြင်တွင်စောင့်ပေးနေလိုက်ကြသည်။

အတိတ်၏ချည်နှောင်ခြင်း☘️S1(Complete)Where stories live. Discover now