Part 6

285 30 0
                                    

Unicode..........

    နောက်နေ့မနက်တွင်newနဲ့gunတို့ဘုန်းကြီးကျောင်းရောက်ခဲ့ကြသည်။ဘုန်းကြီးအားအလှူငွေနဲ့သစ်သီးများကပ်လိုက်ပြီးပရိတ်ကြိုးတောင်းခံလိုက်ကြသည်။တစ်ဆက်တည်းပင်ငယ်ငယ်ထဲကမက်ခဲ့တဲ့အိမ်မက်အကြောင်းပါလျှောက်တင်လိုက်လေသည်။

''ဘ၀တစ်ခုမှာဖြစ်ကောင်းဖြစ်နိုင်ခဲ့တဲ့အရာတွေကိုပြန်၀င်စားတဲ့သူကပြန်မှတ်မိတတ်ကြတယ်ကွဲ့။အချိူ့ကျတော့ကလေးဘ၀မှာတင်မေ့သွားတတ်ပြီးဒကာလေးတို့လိုအချိူ့ကျတော့လည်းခုထိအမှတ်ရနေသေးတုန်းပဲ´´

''အဲ့ဒါဆိုတပည့်တော်ကလူ၀င်စားဖြစ်
လို့မက်တာလားဘုရား´´

''ဒကာလေးရဲ့Phorနဲ့Maeကိုမေး
ကြည့်လိုက်ပါ။ဒကာလေးသာလူ၀င်စားဆိုရင်ဒကာလေးကိုမမွေးခင်သူတို့လည်းထူးခြားတာတစ်ခုခုဖြစ်ခဲ့မှာပါ။ဘုန်းဘုန်းကပရိတ်ကြိုးပေးလိုက်ပေမဲ့လည်းအချိူ့အတိတ်မှာရှာဖွေရမဲ့အကြောင်းတရားလေးတွေရှိသေးရင်တော့ဘုန်းဘုန်းရဲ့ပရိတ်ကြိုးကဒကာလေးနေထိုင်ကောင်းဖို့အတွက်ပဲဖြစ်လိမ့်မယ်´´

(A\Nကျန်းမာရေးကောင်းဖို့အတွက်ကိုဆိုလိုတာပါ)

''အဲ့လိုအတိတ်တွေကိုရှာဖွေဖို့အတွက်အ
ခုအချိန်မှာအဆင်ပြေပါ့မလားဘုရား´´

''ဒကာလေးသိချင်တဲ့အဲ့အိမ်မက်ထဲ
ထဲကအကြောင်းအရာတွေကိုအတိတ်မှာပဲခင်ခဲ့တဲ့သူရဲ့သူငယ်ချင်းတွေနဲ့ရေစက်သာကျန်သေးရင်ပြန်တွေ့နိုင်မှာပါ။ဒကာလေးအဲ့
 ကြောင်းတွေကိုမသိသေးသရွေ့တော့အိမ်မက်တွေထပ်မက်နေမှာပဲ၊ အကြောင်းစုံသိပြီးလောက်ရင်တော့အဲ့အိမ်မက်တွေကသူ့အလိုလိုပျောက်ကွယ်လောက်မှာပါ။မဟုတ်လဲဘာမှမသိခင်မှာပဲ လဲအလိုလိုပျောက်ကွယ်သွားနိုင်မယ် ဒကာလေး´´

''Krapတပည့်တော်ကိုပြန်ခွင့်ပြုပါဦး´´

''သာဓု သာဓု သာဓု ကိုယ်စိတ်နှလုံးကျန်းမာကြပါစေ´´

''ပြည့်တဲ့ဆုနဲ့ပြည့်ပါစေဘုရား´´

''ရေစက်တွေကတစ်ကယ်ဆန်းကြယ်တာပဲ။ဒီတစ်ခေါက်ပြန်လာခဲ့ခြင်းကကောင်းသောလာခြင်းနဲ့ပဲဖြစ်ပါစေဒကာလေး´´

အတိတ်၏ချည်နှောင်ခြင်း☘️S1(Complete)Where stories live. Discover now