Part 21

324 34 10
                                    

Unicode

အင့်!
   
''ငယ် ငယ်ဘာဖြစ်သွားသေးလဲ´´

       Tayကားလာကြိုတယ်ဆိုရင်ပဲအိမ်ကိုချက်ချင်းပြန်လာခဲ့လေသည်။အိမ်ထဲကိုအ၀င်လူတစ်ယောက်နဲ့အားရပါးရကို၀င်တိုက်လိုက်သည်။ငယ်ကိုစိတ်ပူနေတာကြောင့်တိုက်တဲ့လူအားအော်မလို့ပဲရှိသေး။မျက်နှာလေးကိုမြင်တော့အော်မဲ့ပါးစပ်ကိုပဲအချက်တစ်ရာလောက်ဖြတ်ရိုက်ပစ်လိုက်ချင်သည်။ကိုယ်မေးလိုက်တော့မှမျက်နှာလေးကမော့လာသည်။

''Pi Tay´´

''အင်းလေငယ်  ငယ်ဘာဖြစ်သွားသေးလဲ´´

''မျက်နှာမှာဒဏ်ရာတွေ´´

''ကိုယ်ကအရေးမကြီးပါဘူးငယ်ရော
ဒဏ်ရာရတဲ့နေရာရှိသေးလား´´

       Newတစ်ကိုယ်လုံးကိုဆွဲလှည့်ကာကြည့်လေသည်။သူ့မျက်နှာတွင်စိုးရိမ်မှုအထင်းသားကိုnewတွေ့လိုက်ရသည်။သူ့လက်ကိုဆွဲယူပြီးမျက်နှာကဒဏ်ရာတွေကိုလက်နဲ့ဖွဖွလေးသာကိုင်လိုက်လေသည်။

''ကျွန်တော့်မှာဘာဒဏ်ရာမှမရှိပါဘူး..
Pမှာသာဒဏ်ရာတွေနဲ့အရမ်းနာနေလားဟင်´´

''ကိုယ်တောင်းပန်ပါတယ်ငယ့်ကို
ကိုယ်တိုင်လာမခေါ်နိုင်လို့´´

''မဟုတ်တာကျွန်တော်ကတောင်းပန်
ကမှာပါကျွန်တော်ကြောင့်Pအပြင်ထွက်သွားရတာအနာတွေကျွန်တော်ဆေးထည့်ပေးမယ်နော်´´

''လာဒီကို´´

       Tayဆွဲခေါ်ရာဧည့်ခန်းထဲတွင်၀င်ထိုင်လိုက်သည်။

''ခဏစောင့်နော်ကိုယ်ဆေးဗူးသွားယူ
လိုက်ဦးမယ်´´

         ခဏအကြာဆေးboxလေးနဲ့အတူTayပြန်၀င်လာသည်။ဆေးနီလေးကိုဂွမ်းတုတ်တံလေးတွင်တို့၍Tayဒဏ်ရာများထိလိုက်သည်။

အာ့

''အရမ်းစပ်နေလားပြီးတော့မှာပါ ဖူး´´

       မနာစေရန်ဖွဖွလေးမှုတ်ပေးနေသောငယ့်ကိုသာTayငေးကြည့်နေမိသည်။ငယ်ကတော့အနာကိုသာဂရုစိုက်နေလေသည်။လေမှုတ်လိုက်တိုင်းချွန်တတ်လာသောနှုတ်ခမ်းလေးကTayအားကိုက်စားပါရန်ဆွဲယောင်နေသလိုပင်ငယ်ကစကားစလိုက်မှပဲပြစ်မှားနေသောနှုတ်ခမ်းလေးဆီမှအကြည့်တို့ရုတ်သိမ်းလိုက်သည်။

အတိတ်၏ချည်နှောင်ခြင်း☘️S1(Complete)Where stories live. Discover now