Part 20

354 32 6
                                    

Unicode...

''ဟို ခင်ဗျားတို့ကဘာလုပ်မလို့လဲ´´

      ထိုသို့ပြောလိုက်စဥ်အဲ့လူမှာသူ့နားသို့ကပ်လာလေပြီးနောက်ကလူများကိုလည်းလှမ်းပြောလိုက်သေးသည်။

''ဟေ့ကောင်တွေ´´

      နောက်မှလူများကလည်းသူ့ဆီလမ်းလျှောက်လာကြသဖြင့်newသူ့ကိုတစ်ခုခုလုပ်မည်အထင်နှင့်မျက်လုံးကိုမှိတ်ထားလေသည်။သို့သော်အထင်အမြင်နှင့်လွဲကာအချိန်ကြာသည်အထိဘာသံမှမကြားရသောကြောင့်မှိတ်ထားသောမျက်လုံးမှတစ်ဖက်ကိုဖွင့်ကြည့်လိုက်လေသည်။မြင်လိုက်ရသောမြင်ကွင်းမှာnewပါးစပ်ပင်မစိနိုင်။ထိုလူအားလုံးကသူ့ကိုခေါင်းငုံ့ကာအလေးပြုနေလေရဲ့

''ခင်ဗျားတို့ဘာ ဘာလုပ်ကြတာလဲ´´

''လန့်သွားရင်တောင်းပန်ပါတယ်သခင်
လေး။ကျွန်တော်တို့ကတာ၀န်အရမေး
ရတာမို့ပါ။ဆရာကခေါ်ခိုင်းလိုက် လို့ပါ´´

''ဘယ်ကဆရာလဲ´´

''Kun Tay Tawanကသခင်လေးရဲ့လုံခြုံရေးအတွက်ခေါ်ခိုင်းလိုက်တာပါ´´

''ကျွန်တော်ကဘာဖြစ်နေလို့လဲသူကရောခုဘယ်မှာလဲ´´

''ရောက်ရင်သိမှာပါသခင်လေးကျွန်တော်တို့ကိုယုံကြည်ပြီးလိုက်ခဲ့ပေးပါ´´

''ကျွန်တော်မလိုက်ရင်ရော´´

''အစီအစဥ်အတိုင်းအကြမ်းနည်းနဲ့သုံး
ပြီးကျွန်တော်တို့ဆရာပေးတဲ့အပြစ်ကိုခံယူရပါမယ်´´

''ဘာတွေလဲဘာအပြစ်တွေလဲရှုပ်နေတာပဲရှင်းအောင်ပြောပေးကြပါ´´

''ဒီလိုပါ သခင်လေးမလိုက်ရင်ကျွန်
တော်တို့ဖမ်းချုပ်ပြီးခေါ်သွားရပါမယ်သခင်လေးရုန်းရင်ဖြစ်မဲ့ဒဏ်ရာတွေကြောင့်ဆရာစိတ်ဆိုးပြီးကျွန်တော်တို့ကိုပြစ်ဒဏ်ပေးနိုင်ပါတယ်´´

     အခြေအနေကနေရင်းထိုင်ရင်းသူမလိုက်တာနဲ့ကိုအခြားသူတွေအပြစ်ပေးခံရမဲ့ကိန်း။အခုကလဲP´Tayခေါ်တာပဲဆိုတော့အလကားနေရင်းသူများကိုမထိခိုက်စေချင်ဘူး။

''ကောင်းပြီကျွန်တော်လိုက်ခဲ့မယ်´´

''ကြွပါ´´

အတိတ်၏ချည်နှောင်ခြင်း☘️S1(Complete)Where stories live. Discover now