Part 24

326 23 4
                                    

Unicode

          ငှက်လေးများရဲ့ပိကျိပိကျိအော်သံလေးများဖြင့်မနက်ခင်းရဲ့သာယာဖွယ်အတိ
မနက်မိုးသောက်အလင်းရောင်ရသည်နှင့်တစ်နေ့တာပိုက်ဆံရရန်အတွက်အလုပ်လုပ်ရသောစျေးသည်များ၊ဆိုင်ကယ်ကယ်ရီသမားများ၊Taxiကားဆရာကြီးများကလည်းလှုပ်ရှားသွားလာရန်အဆင်သင့်ဖြစ်နေကြသလိုအိမ်ရှင်မများကလည်းသူတို့၏သားသားမီးမီးတို့ကျောင်းတတ်ချိန်အမှီအစားအသောက်များလုပ်ပေးရန်စျေးများသို့သွားလာနေကြပြီ။

         Coffeeဆိုင်လေးအတွင်းတွင်အိပ်ပျော်နေကြသောသူနှစ်ဦး။ပါးဖောင်းဖောင်းနဲ့ကောင်လေးကိုရင်ခွင်ထဲထည့်ကာအိပ်ပျော်နေသောလူလတ်ပိုင်းကောင်လေးတစ်ယောက်။သို့သော်အရင်နိုးလာသည်ကပါးဖောင်းဖောင်းလေးနဲ့ကောင်လေး။gunအိပ်ရာနိုးနိုးချင်းတွေ့လိုက်ရသောမျက်နှာချောချောကြီးကြောင့်အံ့သြသွားပေမဲ့အသံတစ်စိုးတစ်စိမှမထွက်ပဲထိုမျက်နှာချောချောပိုင်ရှင်ကြီးအားစိုက်ကြည့်နေလေသည်။ချွန်ထက်သောနှာခေါင်းထူထဲနေသောမျက်ခုံးမွှေးနှင့်ဆေးလိပ်သောက်တတ်သည်ထင်နှုတ်ခမ်းမှာအညိုရောင်ဘက်နည်းနည်းသွားချင်နေသည်။ဆံပင်မှာလည်းလုပ်ငန်းရှင်တစ်ယောက်ဖြစ်သော်ငြားလဲလူကြီးဆန်ဆန်အမဲရောင်ဆံပင်ကြီးနဲ့မဟုတ်ရွှေအိုရောင်ဖျော့ဖျော့လေးထင်နေပြီးအခုခတ်လူငယ်များ၏စတိုင်အလယ်ခွဲလေးကိုခွဲထားပြီးထိုခွဲထားသောဆံပင်များကိုလိမ်ထားလေသည်။အိပ်နေတာတောင်ခန့်ညားမှုတို့ပျောက်မသွားသောထိုလူကြီးပါလေ။

         ထိုလူကြီးအားငေးကြည့်နေမိရင်းလှုပ်လာသောကိုယ်ကြောင့်မျက်လုံးတို့အားပြန်မှိတ်ထားလေသည်။ဖက်ထားသောလက်များကိုအသာလေးဖယ်နေသောကြောင့်ကြည့်ရတာgunကိုအိပ်ပျော်နေသေးသည်လို့ပဲထင်နေပုံရသည်။သို့သော်ထင်မှတ်မထားသောအခြေအနေတစ်ခု နှာဖူးပြင်ပေါ်ကျရောက်လာသောခပ်နွေးနွေးနှုတ်ခမ်းတစ်စုံကြောင့်နားရွက်များပင်ရဲတတ်လာခဲ့သည်။
နေပါဦး ဒီလူကြီးနမ်းလိုက်တာလား။သူ့ကိုလေ။အစိုးမရသောနှလုံးခုန်သံများကြောင့်ထိုလူကြီးကြားသွားမည်လည်းစိုးရိမ်ရသေးသည်။ဂျိမ်းခနဲနေအောင်တံခါးပိတ်သံကြားမှ
မှိတ်ထားသောမျက်လုံးအစုံကိုဖွင့်ပြီးဟူးခနဲလေကိုမှုတ်ထုတ်လိုက်သည်။

အတိတ်၏ချည်နှောင်ခြင်း☘️S1(Complete)Where stories live. Discover now