part 7

292 30 2
                                    

Unicode.......

    လည်ပင်းမှနာကျင်မှုနဲ့အတူoff တစ်ယောက်နိုးလာခဲ့သည်။လက်ကလည်းလှုပ်လို့မရ။ဘေးဘီကြည့်တော့ဟိုပုပုသေးသေးကောင်လေးကph ထိုင်သုံးနေသည်ကိုတွေ့လေသည်။

''ဟေ့ဂျပု မင်းငါ့ကိုဘာလို့ဖမ်းထားတာ
 လဲ´´

''ဘာဗျ လူကိုများဂျပုလေးဘာလေးနဲ့
ဒီမှာဦးလေးကြီး ခင်ဗျားကရောဘာလို့ကျွန်တော်တို့နောက်လိုက်နေတာလဲ´´

''မင်း ငါ့ကိုဘယ်လိုခေါ်လိုက်တယ် ´´

''ဘာလဲ ဦးလေးကြီးအရွယ်မို့ဦးလေး
ကြီးခေါ်တာလေ သူခိုးလို့မခေါ်တာပဲ
ကျေးဇူးတင်´´

''မင်းလွန်နေပြီနော် ငါ့အသက်က35ပဲ
ရှိသေးတယ်´´

''35မကလို့40ပဲဖြစ်ဖြစ် ဒီမှာ ခင်ဗျား
မှာဘာမကြံအစည်တွေရှိနေလို့ကျွန်တော်တို့နှစ်ယောက်နောက်လိုက်နေတာလဲ။လူလစ်တဲ့နေရာကျရင်ကျွန်တော်တို့ကိုမေ့ဆေးနဲ့တို့မယ်။မေ့လဲပြီဆိုရင်ခေါ်ပြီးရောင်းစားမလို့မဟုတ်လား။အဲ့အကွက်တွေကရိုးနေပြီ....ဦးလေးကြီးရဲ့´´

''မင်းကိုအဲ့လိုမဟုတ်ပါဘူးဆိုတာရှင်း
ပြလို့မရဘူးလား´´

''ဘာကိုရှင်းပြမှာလဲဘယ်လူလိမ်ကမှ
လုပ်ခဲ့ပါတယ်၀န်ခံလို့လဲ။ခဏနေnewလာတော့မှာ။ခင်ဗျားကိုဖမ်းဖို့လုံခြုံရေးတွေပါခေါ်လာမှာ´´

     Mefia ဒုခေါင်းဆောင်ဘယ်သူမှတောင်မော့မကြည့်ရဲတဲ့သူ့ကိုမှမကြောက်မလန့်ရန်တွေ့နေသောကောင်လေးကိုကြည့်ပြီးoff ပြောစရာစကားများပင်ပျောက်ရှကုန်သည်။Gunနဲ့တွေ့မှပဲခေါင်းဆောင်off လည်းသူခိုးဖြစ်လိုက်၊လူကုန်ကူးတဲ့ကောင်ဖြစ်လိုက်နှင့်။

☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️

''Gun ငါလာပြီ ဒီမှာလုံခြုံရေးဦးလေးကြီးနှစ်ယောက်ပါလာတယ်အဲ့လူနိုးနေပြီလားမင်းကိုဘာလုပ်လိုက်သေးလဲ´´

''ဘာမှမလုပ်ပါဘူးလုပ်ကြည့်ပါလား
 ငါ့အကြောင်းသိသွားမှာပေါ့´´

''ဟေ့ဂျပု မင်းငါ့ကိုကြိုးမဖြည်ပေးရသေး
ဘူးနော်´´

''ခင်ဗျားခေါ်ပြန်ပြီလူကပုပေမဲ့လက်သီးကတော့အားပြင်းတယ်နော်။အဲ့လူပါဦးလေးကြီးတို့ ကျွန်တော်တို့နှစ်ယောက်နောက်ကိုလိုက်နေတာ´´

အတိတ်၏ချည်နှောင်ခြင်း☘️S1(Complete)Where stories live. Discover now