Zawgi
ခွမ်း
သူများအိမ်များကတော့ မနက်စောစောစီးစီး ငှက်အော်
သံ ပိကျိ ပိကျိ ဖြင့်သာယာနေသော်ငြား သူ့အိမ်တွင်
တော့ ခွမ်း ခနဲပန်းကန်လုံးတစ်ခုကွဲသံဖြင့် စတင်သည်။
ထူးတော့ ထူးစမ်းသည်မဟုတ် နေ့တိုင်းဖြစ်နေကြမို့ ယဉ်ပါးနေခြေပြီ။ဤသိုဖြစ်ရခြင်းအကြောင်းအရင်းမှာလည်း သူ့လက်က ဒါမှမဟုတ် သူ့ခြေ ဒါမှမဟုတ် သူ့ကိုယ်လုံး တစ်ခုခုက
မီးဖိုချောင်အတွင်းရှိ ပန်းကန်လုံးကို တွန်းတိုက်မိခြင်း မှထွက်ပေါ်လာခြင်းဖြစ်သည်။"အား ရှီး ကျက်သရေယုတ်လိုက်တာ ဘယ်လိုတောင် ကံစိုးမှုကြီးလည်း မနက်စောစောစီးစီး"
သူ့ပါးစပ်က အယုတ္တအနတ္တ စကားများထွက်လာသည် မှာပိုပိုကာကျက်သရေတုံးသည်ကိုတော့ သူထည့်မတွက် နိုင်ပါ။
ဤသို့ဖြင့်သူ့ မနက်ခင်းများက ပန်းကန်ကွဲကျော်ဖြင့် စတင်လေသည်။
"ဟလို ကြက်ကျော်ဆိုင်ရပါလား ကျွန်တော့်အိမ်ကို နှစ်ဗူးလောက်လာပို့ပေး.."
"ခွေးသား ဆင်းလာခဲ့ မင်းကိုလာပို့ပေးရအောင် လိ့မှအားမနေဘူး"
ဂွတ်
ဖုန်းကိုခပ်ပြင်းပြင်း ချလိုက်သည့်အသံကြောင့် သူ့နှလုံးသားလေးသည် ဒိုင်းခနဲအသက်မဲ့သွားသည်။
သူသည်ဤမျှအသည်းငယ်၏။ မနက်စောစောအား ကြည်နူးစွာဖြတ်သန်းမည်ဟု တွေးထားသော်ငြား ယခုမှာတော့ ကြက်ကြော်ဆိုင်က အဖိုးကြီးကပါဆဲသွား
လေသည်။"ဒီအဖိုးကြီးအိတ်ရေးမဝပြန်တာလား"
ဖုန်းကိုကိုင်ကာ စေ့စပ်တွေးခေါ်ကြည့်တော့ သေခြာသ လောက်ထိုအဖိုးကြီး အိပ်ရေးမဝတာပဲဖြစ်မည်။ မဟုတ်မှ ညကအရှိန်ကောင်းပြီးများ ဟား ဟား ဟား။
ဤသို့ဖြင့်ညစ်ပတ်သောအတွေးအခေါ်များက 148 ရှိသော IQ ထဲပျံ့နှံ့သွားလေသည်။ရွှီး ရွှီး
လေကိုအသာလေးချွန်ရင်း အပြာရောင်ဆံစခပ်ကြမ်း ကြမ်းကို ဂျယ်သုတ်ကာဖီးနေလိုက်သည်။ သိပ်မကြာပါ
ပြင်ဆင်ခြင်းအမှုပြီးဆုံးသွား၍ လှေကားပေါင်းများစွာကို
လည်းလေကလေး ချွန်ရင်ခပ်ပေါ့ပေါ့သာ နင်းဖြတ်လာ
ခဲ့မိသည်။

ВЫ ЧИТАЕТЕ
မိဖုရားခြောက် (Queen is gay)
Исторические романыအထင်မလွဲကြပါနဲ့ ကျွန်တော်က တဏှာကြီးတတ်တဲ့သူ မဟုတ်ရပါဘူး နုလုံးသားနုနုလေးနဲ့ တကယ့်ကို စာနာတတ်သူလေးပါ..။ ပုံ ဂျိုဆွန်းခေါတ်ရောက်ရှိသွားသော အချောလေးကင်နန်းဂျွန် namkook