အပိုင်း ၁၁

517 72 30
                                    

Z&U

ဝေါယဉ်ထဲကငြိမ်ငြိမ်လေး လိုက်ရခြင်းသည် မိန်းကလေးတွေအတွက်တော့ အလွန်အမင်းဇိမ်ကျဟန် ရှိနေသော်ငြား ကိုယ်ကယောက်ျားလေးမို့ ကသိကအောက်တော့ဖြစ်သား..။

"မိဖုရားကြီး ချယ်ရီတန်းတွေနားရောက်နေပါပြီ ကြည့်ခြင်ရင် ကြည့်လို့ရအောင်လို့ပါမိဖုရားကြီး"

ခပ်သြသြအသံအပြင် ပြတင်းဝကလိုက်ကာအပါးစတွေကြားကနေ ဝင်လာတဲ့ ချယ်ရီခိုင်ကြောင့် သူမျက်ခုံးပင့်လိုက်လေသည်။ သက်ပြင်းကိုအသာခြကာ ချယ်ရီပန်းခိုင်ကိုယူပြီး လိုက်ကာကိုဖွင့်ကြည့်လိုက်တော့ တစ်လမ်းလုံးချယ်ရီပင်တွေနဲ့ ဝေဝေဆာကာ နီနီရဲရဲပွင့်ဖတ်တွေကလည်း မြေပြင်ပေါ်ပြန့်ကျဲလို့..။

အရင်ဘဝတုံးကဆိုရင် ချယ်ရီပန်းပင်တွေ တစ်လမ်းလုံး ပေါက်ဖို့မဆိုထားဘိ ဟိုနေရာနှစ်ပင် ဒီနေရာသုံးပင်လောက်သာ ပေါက်သည်။ ယခုလို ချယ်ရီပင်တွေသိပ်သိပ်သည်းသည်းပေါက်မနေခဲ့ခြေ။

ချယ်ရီနံ့တွေနဲ့ရောယှက်နေသည့်လေတွေက လတ်ဆတ်စွာတိုက်လာသည်မို့ အပြည့်အဝရှူလိုက်မိသည်။ သို့သော်ငြား အထိန်းတော်ကြီးက မျက်လုံးပြူးပြကာ ခြိမ်းခြောက်နေသည်မို့ စိတ်တိုတိုဖြင့်ပြန်ဝင်လိုက်ရလေ သည်။ တကယ်ပဲ ဘယ်လိုမှမလွတ်လပ်ဘူး...။

လေကြောင့်ကြွေကျလာတဲ့ ချယ်ရီပွင့်ဖတ်တွေကြားက ဂျွန်းလေးမျက်နှာ ဖြူဖြူသန့်သန့်ကအလွန်အမင်း ကြည့်လို့လှနေသော်ငြား ရုတ်တရက်ကြီး အထဲပြန်ဝင်သွားသည်မို့ ဇိုဒီလည်ဂုတ်တွေကို ရှက်ရမ်းရမ်းစွာဖိပွတ်နေလိုက်လေသည်။ သူ့ရဲ့အကောင်ငယ်လေးက အခုချိန်ထိကြည့်လို့လှနေဆဲ....။


နတ်နန်းကိုရောက်တော့လည်း အငြိမ်မနေရ ဟိုဂါထာရွတ်ရ ဒီဂါထာရွတ်ရနဲ့ အလွန်အမင်း စိတ်ကမရှည်ခြင်တော့ခြေ။ ဒီအထဲကနေထွက်သာပြေး ခြင်လေသည်။ မင်းသားငယ်လေးဂျောင်ကုကိုခိုးကြည့်ပြန်တော့ ဂါထာတွေကိုသာ အလေးထားရွတ်ဆိုနေလေရဲ့လေ။

"မိဖုရားကြီးကသူများအသက်ကိုယူသုံးထားတာပဲ အကြွေးပြန်ရတယ်လို့ပဲသဘောထားပါလေ ကံပေါ့"

မိဖုရားခြောက် (Queen is gay)Where stories live. Discover now