Z&U
"ဦးလေးကြီး သားလေဒီနေ့နေမကောင်းခြင်သလိုဖြစ်နေတယ် တစ်ကိုယ်လုံးကိုက်ခဲပြီး နေလို့ထိုင်လို့လည်းမကောင်းဘူး အဖျားပိုးကူးသွားတာလားမသိဘူး"
"မှန်းစမ်း"
အနားရောက်လာတဲ့ ဆရာဝန်ပေါက်စနှဖူးကို စမ်းလိုက်တော့ ကိုယ်ငွေ့နွေးနွေးကိုခံစားမိသည်။ ဆရာဝန်ဖြစ်ပြီး မဆင်မခြင်နေရလားလို့ ဆူငေါက်ခြင်သော်ငြား နန်းဂျွန်မဆူငေါက်မိ သက်ပြင်းသာယဲ့ယဲ့ခြလိုက်မိသည်။
"ကိုယ်ငွေ့ကနွေးနေတယ် ဖျားနေဦးမယ်ကိုယ့်ကိုယ်ကိုလည်း စမ်းသပ်ကြည့်အုံး သူများကိုပဲဂရုစိုက်မနေနဲ့ ဒီနေ့နားလိုက်"
"ဟင် ဦးလေးကြီးသားကို စိတ်ပူနေတယ် ဟင် ဟုတ်လား ဟုတ်လား ဟုတ်တယ်မလား ဦးလေးကြီးသားကို စိတ်ပူနေတာမဟုတ်လား ခ်ခ်"
ဆရာဝန်လေးက နန်းဂျွန်မျက်နှာကို ထိလုမတတ်လာကပ် ကြည့်နေသည်မို့ နှဖူးကိုလက်ညိုးနဲ့ နန်းဂျွန်တွန်းထားလိုက်လေသည်။ ထိုကြတော့ နှုတ်ခမ်းက တစ်တောင်လောက် ဆူလာလေရဲ့။
"ငါ့ကိုကူးမှာစိုးလို့ ဝေးဝေးသွား အဖျားကနီးနီးကပ်ကပ် နေရင်ကူးတတ်တယ်"
"ဦးလေးကြီးက သိပ်ရက်စက်တာပဲ ဒီလိုဖြူဖြူနုနု ဆရာဝန်လေးကိုရထားတာကို မျက်နှာလွဲဂဲပြစ်လုပ်နေတယ်"
ဂျောင်ကုက ခပ်ငြီးငြီးလေးဆိုရင်း နန်းဂျွန်ရဲ့ရင်ဘတ်ကို လက်ချောင်းသွယ်သွယ်လေးတွေနဲ့ ကျီစားသည်။ နန်းဂျွန်ကတော့ ဂျောင်ကုလက်ချောင်းတွေကို ကြမ်းကြမ်းတမ်းတမ်း ဖယ်ခြ၏။
"မဟုတ်တာတွေမလုပ်နဲ့"
"ဟွန့် ဦးလေးကြီးက သားကဒီလောက်ချစ်ပေးနေတာကို နည်းနည်းလေးတောင် မချစ်ခြင်ဘူးလား သားကအလိမ္မာအိမ်ပါလေးပါ ပြီးတော့ သားကဦးလေးကြီးကို ကိုယ်ဖိ ရင်ဖိ တစ်ကိုယ်လုံးနဲ့တတ်ဖိမတတ် ပြုစုစောင့်ရှောက်ပေးနေရတာကို ဦးလေးကြီးက အဲ့လောက်ထိ ပြစ်ပယ်ရလား"
"ကျစ် ဂျောင်ကုရာ အေးအေးနေပါ ငါခေါင်းတွေကြိမ်းလို့ပါကွာ"
ခပ်ရဲရဲမျက်နှာကြီးကိုဝှက်ကာ ပြောနေသည့် နန်းဂျွန်ကြောင့် ဂျောင်ကုကကြိတ်ပြုံးလေးပြုံးသည်။ ဒီဦးလေးကြီး သူ့ကိုတစ်ဖြည်းဖြည်းနဲ့ ကြွေလာပြီထင်ပါရဲ့။
YOU ARE READING
မိဖုရားခြောက် (Queen is gay)
Historical Fictionအထင်မလွဲကြပါနဲ့ ကျွန်တော်က တဏှာကြီးတတ်တဲ့သူ မဟုတ်ရပါဘူး နုလုံးသားနုနုလေးနဲ့ တကယ့်ကို စာနာတတ်သူလေးပါ..။ ပုံ ဂျိုဆွန်းခေါတ်ရောက်ရှိသွားသော အချောလေးကင်နန်းဂျွန် namkook