Z&U
"ဧကရာဇ်ဘုရား အငယ်ဆုံးသားတော်ရောက်ရှိနေကြောင်းပါ ဘုရား"
ကြီးမားသောညီလာခံသည် အထိန်းတော်ကြီးအသံကြောင့် တုန်လှုပ်သွားခဲ့သလို တစ်ယောက်သောသူရဲ့ မျက်နှာမှာလည်းအပြုံးချိုချိုတွေက နေရာယူထားပြန်လေသည်။
"ဝင်စေ"
ထိုအမိန့်သံအဆုံး ကြီးမားသည့် ညီလာခံတံခါးကြီးက တစ်ကျွီကျွီနဲ့ ပွင့်လာလေသည်။ တံခါးပွင့်လာသည်နှင့်အတူ အနီရောင်ဝတ်ရုံနဲ့ နန်းဂျွန်က ခပ်ဖြည်းဖြည်း ဝင်လာလေရဲ့။
"သားတော်"
မိဖုရားကြီးဝတ်စုံနဲ့ နန်းဂျွန်ကိုသားတော်ဟု ခေါ်ဆိုနေသော ဧကရာဇ်ကြောင့် မူးကြီးမတ်ရာတွေက ပြုံးစိစိ။ နန်းဂျွန်က ဂရုမစိုက်ပဲ ဧကရာဇ်ရှိရာကိုသာ တစ်လှမ်းခြင်း ရှေ့ရှုသွားလေသည်။
"ဧကရာဇ်ကို ဂါဝရပြုပါတယ် ကျွန်တော်မျိုး ဂျိုဆွန်းရဲ့မိဖုရားကြီးအဖြစ်နဲ့ ဂျိုဆွန်းရဲ့အိမ်ရှေ့စံကို လာရောက်တွေဆုံကြောင်းပါ"
တရုတ်မကြီးရဲ့ အရှင်သခင်မှာ မျက်နှာကအပျက်ပျက် အယွင်းယွင်းဖြစ်သွားကာ ခေါင်းကိုသာ ဖိကိုင်နေလေသည်။ ဘယ်လိုဆင်ခြေ ဆင့်လက် ဆင့်နားရွက်တွေ ပေးဦးမလဲမသိ။
"သားတော်က မိသားစုကို မေ့များမေ့နေသလားလို့ပါ သားတော်နိုင်ငံက ဟန်နိုင်ငံပါ"
ဘယ်သူပြောလဲ ငါကကိုရီးယားမှာမွေးတာကွ။ နန်းဂျွန်ရင်ထဲကသာ အော်နေမိသည်။ ပါးစပ်ကတော့ ထုပ်မပြောရဲ။ ပြောရင်ကိခနဲ ဖြစ်သွားလိမ့်မည် မဟုတ်ပါလား။
"သားတော်ရဲ့ တကယ့်မိသားစုက ဂျိုဆွန်းမှာ ပါဧကရာဇ် ကျွန်တော်မျိုး အိမ်ရှေ့စံကိုတွေ့ခြင်ပါတယ်"
"ဟူးးး အကျဉ်းခြထားတယ်သားတော် "
"အစ်ကိုတော်ဆော့ဂျင်ကော အဆိပ်မိနေတယ်လို့ ကြားတယ် အဆင်မှပြေရဲ့လား"
တရုတ်ကြီးကတော့ ကိုယ့်သားကိုယ်တောင် မယုံတော့ခြေ။ အမှန်ပဲလေ သား၇ယောက်ထဲ အားလုံးကစင်းလုံးချောပါလို့ ဘယ်သူအာမခံမလဲ။ အခုအစ်ကိုယ်တော်တောင် တိုက်ခိုက်ခံနေရပြီ မဟုတ်ပါလား။
ŞİMDİ OKUDUĞUN
မိဖုရားခြောက် (Queen is gay)
Tarihi Kurguအထင်မလွဲကြပါနဲ့ ကျွန်တော်က တဏှာကြီးတတ်တဲ့သူ မဟုတ်ရပါဘူး နုလုံးသားနုနုလေးနဲ့ တကယ့်ကို စာနာတတ်သူလေးပါ..။ ပုံ ဂျိုဆွန်းခေါတ်ရောက်ရှိသွားသော အချောလေးကင်နန်းဂျွန် namkook