အပိုင်း ၂၇

282 48 12
                                    

Z&U

ဓားကိုအဆုံးထိထိုးမသွင်းပဲ ပြန်ထုတ်လိုက်သည့် ယုံလွမ်းကမေတ္တာထားတတ်သည့်သူလိုလို။ ထို့အပြင် ဂုတ်ကိုစွတ်ခနဲလာစိုက်သည့် ဘယ်ကမှန်းမသိတဲ့ လက်နက်ပုန်းကြောင့် နန်းဂျွန်မြေပြင်ပေါ်သို့တုန်းခနဲ။ ခေါင်းကလည်းမူးဝေက ခြေတွေလက်တွေ လုံးဝမဆွဲခြင်တော့ လောက်အောင်ဖြစ်လာလေသည်။

"ကိုယ့်ချစ်ရသူကိုတော့ မသေစေခြင်ဘူး ဒါပေမဲ့မင်းရှေ့မှာ သေခြာပေါက်သူတို့ကို သတ်မယ်"

ယုံလွမ်းက ခပ်တိုးတိုးရေရွတ်ကာ ဓားကိုစတင်ချိန်သည်။ နန်းဂျွန်အနောက်ကနေ မင်းသားငယ်လေးကို ကြည့်နေမိသည်။ ဝတ်ရုံတွေကြားထဲကနေ ခပ်ဖြည်းဖြည်းထုတ်သည့် နှစ်ဖက်ချွန်ဓားကြောင့် နန်းဂျွန်မျက်လုံးတွေ ပြာသွားသည်။ ဂျောင်ကုမကိုင်ဖူးတဲ့ဓားမို့ အံ့လည်းအံ့သြနေခြင်း။

သို့သော်ငြား ဂျောင်ကုက ထိုဓားနဲ့လိုက်ဖက်သလို မျက်လုံးကလည်းရဲရဲတောက်နေလေသည်။ စူးရဲနေသည့်မျက်လုံးအပြင် ထိုကောင်လေး၏ အစွမ်းအစကိုနန်းဂျွန်ယုံသည်။

ချွမ်!

ဓားခြင်းထိခတ်သံတွေက ကျယ်လောင်စွာ ပေါ်ထွက်လာသလို ဂျောင်ကုနဲ့ယုံလွမ်းကလည်း သသည်းကြီးမဲကြီးတိုက်နေကြသည်။ စစ်သူကြီးကလည်း ဘေးကတစ်တပ်တစ်အား ပါဝင်ပေးသည်မို့ ယုံလွမ်းဘက်က အနည်းငယ်အရေးနိမ့် လာလေသည်။

ချွမ်

ဓားခြင်းထိခတ်သံတွေက တစ်စတစ်စကျယ်လောင်လာသလို နန်းဂျွန်မျက်လုံးတွေလည်း လေးလံလာသည်။ သို့သော်ငြား မမှိတ်ရဲသေး။ ကောင်လေးတစ်ခုခုဖြစ်သွားမှာ နန်းဂျွန်မလိုလားပါ။

"ဂျွန်လေးက ငါ့အပိုင်ပဲ!"

ခပ်မြန်မြန်ခုတ်ချက်တွေနှင့်အတူ ယုံလွမ်း၏ ဓားကစစ်သူကြီးရဲ့ နံရိုးဘက်အခြမ်းကိုစိုက်ဝင်သည်။ ဂျောင်ကု၏ လက်မောင်းမှာလည်း ပြတ်ရှရာတစ်ခု။ သွေးတွေက တစ်စက်စက်ယိုကာ နန်းဂျွန်ရှေ့က သားရဲကောင်ဆောင်နေသော ကောင်ငယ်လေးက တကယ်တော့နုညံ့၏။

သွေးတွေနဲ့ ကောင်ငယ်လေးဟာမလိုက်ဖက် နန်းဂျွန်သက်ပြင်းရှိုက်ကာအားတင်းပြီး ထပါသော်ငြားလည်းမရ။ ခန္ဓာကိုယ်က ဘယ်လိုမှ မထူထောင်နိုင်တော့ပေ။ နန်းဂျွန်ကြိုးပမ်းနေချိန် ဓားခြင်းထိခတ်သံတွေက ပိုမိုကျယ်လောင်လာလေသည်။

မိဖုရားခြောက် (Queen is gay)Where stories live. Discover now