အပိုင်း ၁၇

360 59 18
                                    

Z&U

"မယ်မယ်ဖုရား မင်းကြီးက ညီလာခံမှာ မယ်မယ်ဖုရားကို ဖိတ်ထားပါတယ်ဘုရား အခုချက်ခြင်း ထမှရပါ့မယ်ဘုရား"

အပြင်က အထိန်းတော်ကြီး၏ အသံစိုးစိုးကြောင့် မျက်လုံးတွေ ပွင့်လာသော်ငြား စိတ်ထဲမှာတော့ ဒေါသတွေတဖျင်းဖျင်းနဲ့သာ။ ခံရခက်လိုက်တာ သူကောင်လေးရဲ့ အထဲကိုထည့်တော့မဲ့အချိန်မှ အထိန်းတော်ကြီးက အံကိုက်နှိုးရသလားလေ။ အိမ်မက်လေးရေ ကလူကလူ။

"ထပြီဟေ့ ထပြီ သေခြင်တာတောင် ကောင်းကောင်း မသေရတဲ့ဘဝ"

ငြီးတွားရင်း အိပ်ယာပေါ်မှာသာထိုင်နေလိုက်လေသည်။ လက်ထဲရောက်လာတဲ့ မီးသွေးခဲ အသေးစားလေးကို ကြည့်ရင်း အရင်ဘဝက သွားကြားထိုးတံကိုသာ တမ်းတမိသည်။ သူတကယ်မနေခြင်ဘူး။ စိတ်ညစ်လွန်းလို့ သေမှာပဲ။ ဒါပေမဲ့ ကောင်လေးကရှိနေလေတော့.....ဟူး။

"မယ်မယ်ဖုရား ဒီနေ့က ညီလာခံဝင်ရမှာမို့ ပြင်ဆင်ဖို့ မင်းကြီးကဝတ်ဆုံတွေ လက်ဆောင်ပါးလိုက်ပါတယ် ဘုရား"

မိန်းကလေးအဝတ်အစားတွေကိုလည်း ကြည့်ခြင်စိတ် ရှိမနေပါခြေ။ ဒီဘဝကြီးနဲ့ ဘယ်အချိန်ထိဆက် နေရမလဲမသိ။ အခုချိန်ကြမှ ကြက်ကျော်ဆိုင်က အဖိုးကြီးလည်း လွမ်းသည်။ သူ့ရဲ့ အဟောင်းနံ့တွေ တစ်လှိုင်လှိုင်ထွက်နေတဲ့ အိမ်ကိုလည်းလွမ်းသည်။
တူးနေတဲ့ ဒယ်အိုးကြီးလည်း လွမ်းသည်။ ကျိုးနေတဲ့ စက်ဘီးအစုတ်လေးလည်း လွမ်းသည်။ ခြေထောက်တစ်ဖက်ပဲ ရှိတော့တဲ့ စားပွဲခုံလေးလည်း လွမ်းသည်။ သူသိပ်လွမ်းပါသည်။

"မယ်မယ်ဘုရား ဘာရယ်ကြောင့်မျက်ရည်ကျရပါဘာလဲ ဘုရား ကျွန်တော်မျိုးမ သေသင့်တဲ့အပြင်ကိုကျူးလွန် မိပါတယ်ဖုရား"

"ဒီအတိုင်း အိမ်ကို လွမ်းလို့ပါ မိဖုရားကြီး ဆက်ပြင်ပါ"

ဘာရယ်ကြောင့်မသိဒီနေ့မှ အလွန်အမင်းပြင်နေသလို ခံစားရေစေသည်။ ခပ်လွဲလွဲ ရှိနေတဲ့ မှန်ပြင်ဆီ အကြည့်ရောက်တော့ မှန်ထဲကလူဟာ သူမှဟုတ်ရဲ့လား။ သူမဟုတ်ပါပေ အရင်က မင်းသားလေး ကင်နန်းဂျွန်ဖြစ်လိမ့်မည်။

မျက်နှာပုံသွယ်သွယ်လေးနဲ့ လှသည့်အထဲ ဒီကောင်လေးက ပါသည်။ ကိုယ့်လို ကြမ်းကြမ်းထဲကတော့ မဟုတ်ပေ။ ဖူးဖူးရဲရဲ နှုတ်ခမ်း တစ်စုံက ဘယ်ရီသီးလို ရဲရဲစိုနေ၏။ မျက်တောင်ရှည်ရှည် တွေကလည်း ရေအိုးရွက်လောက်အောင် ရှည်သွယ်ကာ အဖျားမှာ အပွင့်ဖတ် သေးသေးလေးတွေ တင်ထားသည်မို့ အထူးကိုလှလေသည်။

မိဖုရားခြောက် (Queen is gay)Hikayelerin yaşadığı yer. Şimdi keşfedin