အပိုင်း ၁၈

353 61 12
                                    

Z&U

သူမရင်းနှီးတဲ့ စစ်ရေးစစ်ရာအဖြာဖြာတွေအကြောင်း ပြောနေ၍ စိတ်မဝင်စားသော်ငြားလည်းပဲ IQ မြင့်တဲ့ဦးနှောက်က တွက်ကိန်းတွေတွက်နေပြီ။ ဦးနှောက်​ကောင်းတာက တစ်ခါတစ်လေ အဆင်မပြေပေမဲ့ တစ်ခါတစ်လေ အဆင်ပြေတာပါပဲ။

"မယ်မယ်ကျန်းမာစေဖို့ ဧကရာဇ်က ပန်းနွယ်နတ်ပန်းကို လက်ဆောင်ပါးလိုက်ပါတယ် မယ်မယ်ဘုရား"

ဟန်နိုင်ငံက သူတွေသည် သူတို့အမျိုးမှလူထင်သည့်ဟန်ပင်။ မင်းကြီးတစ်ယောက်လုံး ငုတ်တုပ်ထိုင်နေတာတောင် မင်းကြီးကိုကျန်းခန်းသာလို့မာပါလေစ မမေး။ မယ်မယ်ဖြစ်တဲ့ သူ့ကိုသာမေးသည်။ နေရထိုင်ရသည်မှာ ခတ်လိုက်တာလွန်ရော။

"ဒီလိုလှပပြီး ကျက်သရေလည်းရှိ ကျန်းမာရေးလည်း ကောင်းစေတဲ့ပန်းမျိုးကို မင်းကြီးနဲ့မျှဝေသုံးဆွဲရမှာပေါ့ ပြီးတော့ ဖခမည်းတော်ကို ကျန်းမာဖို့ဒီကမိဖုရားက အမြဲမျှော်လင့်နေပါကြောင်း စကားလက်ဆောင်ပါးလိုက်ပါဦး"

"မှန်လှပါမယ်မယ်ဘုရား "

သံတမံလာရတဲ့ကိစ္စကို ခုထိမပြောသေး၍ စိတ်ထဲသိပ်မကျေချမ်းသော်ငြား အလုံးလေးတွေလို အနီရောင်ပန်းကိုသာ ငေးကြည့်နေလိုက်လေသည်။

"ကျွန်တော်မျိုး မိဖုရားကြီးနဲ့အရေးတစ်ကြီး ဆွေးနွေးစရာရှိတာမို့ မင်းကြီးကသီးသန့်တွေ့ဆုံခွင့်ပေးတော်မူပါဘုရား "

ဘာအကြောင်းအရာတွေမှန်းမသိသော်ငြား ရင်ထဲတစ်လှပ်လှပ်ဖြစ်နေသည်။ တစ်ခုခုမကောငိးတာဖြစ်တော့မည်လို့ အလိုလိုခံစားမိနေလေသည်။

"ငါကိုယ်တော်ရဲ့မိဖုရားကို ဘာအတွက်ကြောင့်နဲ့မှ မောင်မင်းနဲ့နှစ်ယောက်ထဲဆွေးနွေးခွင့် မပြုနိုင်ဘူး"

သံတမံမှာ ဖင်ကုတ်ခေါင်းကုတ်ကုတ်နေခြေပြီ။ စစလာတုန်းကတော့ မင်းသားလေးက နန်းတွင်းထဲမှာနာမကျန်းဖြစ်သည့်အပြင် အတိတ်ပါမေ့နေသည်မို့ ဧကရာဇ်က အကျိုးအကြောင်း မေးခိုင်းခြင်းဖြစ်သည်။

"ဧကရာဇ်က မင်းကြီး မိဖုရားအပေါ်ကြင်နာရဲ့လားဆိုပြီး ကျွန်တော်မျိုးကိုစောင့်ကြည့်စေဖို့ လွှတ်လိုက်တာပါ
ကျွန်တော်မျိုးက ဟန်နိုင်ငံကလွတ်လိုက်တဲ့ သံတမံတစ်ဖြစ်လည်း မယ်မယ်ဖုရားရဲ့အထိန်းတော်ပါ"

မိဖုရားခြောက် (Queen is gay)Tahanan ng mga kuwento. Tumuklas ngayon