အပိုင်း၂၀

347 49 4
                                    

Z&U

ဦးနှောက်ထဲပြေးလွှားနေတဲ့ အပိုင်းအစအချို့က စိတ်ပျက်ဖွယ်ကလိလိ။ ဘာမှန်းမသိတာတွေကြောင့် ခေါင်းမူးလိုက် ရေရေရာရာမသိလိုက်နဲ့ ဘတစ်ပြန်ကျားတစ်ပြန် ဖြစ်နေလေသည်။ ဘယ်တော့မှ သူဒီဘဝကလွတ်မည်မသိပါခြေ။ စိတ်ပင်ပန်းမှုတွေကြောင့် အနောက်ကိုလှည့်ကြည့်မိမှ ရင်ဝစောင့်ကန်ခံရသလို ထိချက်ကချက်ခေါင်း။

စစ်သူကြီးရင်ခွင်ထဲနစ်မြုပ်နေတဲ့ သူ့နှလုံးသားနုနုဖတ်ဖတ်လေး။ မှားပြီသူအမှားကြီးမှားပြီ စစ်သူကြီးက သူ့ကောင်ငယ်လေးလို အလှလေးမျိုးကို ထိုင်ပြီးပဲကြည့်နေမတဲ့လားလေ။ စောက်သုံးမကျချက်က ကုံးကောက်စရာပင်မရှိလောက်အောင်။ တစ်ချက်တစ်ချက် သူ့မြင်ကွင်းထဲခပ်မဲ့မဲ့ဖြစ်နေတဲ့ ကောင်ငယ်လေးကြောင့် ဒေါသတွေကဟာ ပွက်ပွက်ဆူလာလေသည်။

စစ်သူကြီးနည်းနည်းတော့ များနေပြီ။ သူ့ကောင်လေးကို ရင်ခွင်ထဲထည့်ထားတယ်။ ခုဏကတော့ မတည့်သလိုနဲ့ ဉာဏ်များနေတယ်။ တွေ့မယ် ကင်နန်းဂျွန်တဲ့ တစ်ဂျွန်ထဲရှိတယ် တွေ့ကြသေးတာပေါ့ စစ်သူကြီးရယ်။

"ဆင်းမယ် ခဏလောက်နားရအောင်"

သူ့စကားကြားတော့ အထိန်းတော်ကမြင်းကို ချက်ချင်းရပ်သည်။ သူတို့မြင်းရပ်တော့ နောက်ကမြင်းကလည်းချက်ခြင်းရပ်သည်။ စစ်သူကြီးက လျှင်မြန်စွာဆင်းလာပြီး သူ့လက်ကိုလှမ်းဆွဲသည်မို့ စစ်သူကြီးရင်ခွင်ထဲ တန်းခနဲရယ်။ မွေးရနံ့မဟုတ်ပဲ စူးရှရှဟော်မုန်းနံ့ကြောင့် သူ့ရင်တွေ တစ်ဒီတ်ဒိတ်။ ဒါပေမဲ့ သဝန်တိုစိတ်ကကြီးလွန်းနေတာမို့ ကောင်ငယ်လေးဆင်းဖို့ပြင်နေတာကို ပြန်တင်ပြီးနောက်ကနေလွှားခနဲတတ်လိုက်လေသည်။
စစ်သူကြီးကတော့ ကြောင်တောင်တောင် ကြည့်နေလေရဲ့။

"အဟမ်း စစ်သူကြီးကတော့ အထိန်းတော်ကြီးနဲ့လိုက်ခဲ့ အထိန်းတော်ကြီးမြင်းစီးရတာ ပြုတ်ကျမှာစိုးလို့ အဟမ်း"

ပြုံးရောင်ရောင်သန်းသွားတဲ့ စစ်သူကြီးမျက်နှာကြောင့် သူမျက်ခုံးပင့်လိုက်လေသည်။ ဘာလဲဟ သူ့ကိုများပြဇာတ်ပြနေတယ် ထင်လို့လားမသိဘူး တကယ်။

မိဖုရားခြောက် (Queen is gay)Donde viven las historias. Descúbrelo ahora