Z&U
လေးလံနေသောမျက်ခွံကို ခပ်ဖြည်းဖြည်း ဖွင့်ဟမိတော့ နန်းဂျွန်မျက်လုံးတွေထဲ ဝင်လာတာခပ်မှိန်မှိန်အလင်းရောင်တစ်ခု။ ကသောကမြော ထကြည့်လိုက်တော့ ဘေးနားကအပြင်အဆင်ကြောင့် သက်ပြင်းသာခြလိုက်လေသည်။ နန်းဂျွန် ၂၁ ရာစုပြန်မရောက်သေးဘူး ခုထိတရုတ်မမှာပဲ ရှိသေးသည်။
ဟူးးး
"သက်ပြင်းခြမနေနဲ့ ငါ့ကိုခန္ဓာကိုယ်ထဲပေးဝင်တော့"
ရုတ်တရက်ကြီး ဘေးနားကအသံကြားရတော့ နန်းဂျွန်လန့်သွားလေသည်။ အခန်းထောင့်စွန်းမှာ သရဲကငုတ်တုပ်ထိုင်နေလေရဲ့။
ခပ်ရဲရဲမျက်ဝန်းတွေက လေထဲလွင့်နေသည့် တိမ်တစ်စလို မျှော်လင့်ချက်မဲ့လို့။"ဝင်လေ ဘယ်သူကပေးမဝင်လို့လဲ ငါကကောဒီခန္ဓာကိုယ်ထဲ နေခြင်တယ်ထင်လို့လား"
"မောင်မင်းမရှိမှ ငါကဝင်လို့ရမှာလေ မောင်မင်းက အရင်ထွက်ပေါ့ ငါကပ်ပါးကောင်အနေနဲ့ မနေခြင်ဘူး"
"ငါကဘယ်လိုထွက်ရမလဲ မသိလို့ပေါ့"
နန်းဂျွန်နဲ့ ထိုသရဲမှာ ဒီစကားတွေနဲ့သာလည်နေလေသည်။ ဘယ်သူဝင်လို့ ဘယ်သူက ထွက်ရမလဲမသိတော့။ စိတ်ညစ်လို့ နန်းဂျွန်ခေါင်းတွေသာ ကုတ်လိုက်လေသည်။
ထိုကြားထဲအိမ်ရှေ့စံ မျက်နှာလေးမြင်ယောင်လာသည်မို့ နန်းဂျွန်မှာငိုခြင်သွားလေသည်။ ယောက်ျားလေးမငိုရဘူး ဘယ်သူပြောလဲ သတိရရင်လွမ်းရင် လူတိုင်းငိုမှာပဲ။
"အီး ဟီး ဟီး အိမ့်ရှေ့စံရဲ့ မက်မွန်းသီးတွေကိုလွမ်းတယ် အီး ဟီး ဟီး အီး"
တစ်ရှုံ့ရှုံ့နဲ့အသံထွက်ငိုနေသော နန်းဂျွန်ကို သရဲလေးခမြာတစ်အံ့တစ်သြ ကြည့်နေမိလေသည်။ ယောက်ျားကြီးဖြစ်ပြီး ခန္ဓာကိုယ်ကြီးမှအားမနာ မျက်ရည်တွေဗူးသီးလုံးလောက် ကျပြီးငိုနေတာအံ့သြပါ့။
ပြီးတော့ မက်မွန်းသီးကိုလွမ်းသတဲ့။ မက်မွန်းသီးတွေလည်း ပန်းခြံထဲရှိပါတယ်။"မောင်မင်းခန္ဓာကိုယ်ကြီးမှ အားမနာ မျက်ရည်အဲ့လောက်ကျပြီး ငိုရလား"
"မင်းကငါ့ခန္ဓာကိုယ်ကြီးတာသေးတာ ဘယ်လိုလုပ်သိလဲ ငိုမှာပဲ လာမတားနဲ့"
ESTÁS LEYENDO
မိဖုရားခြောက် (Queen is gay)
Ficción históricaအထင်မလွဲကြပါနဲ့ ကျွန်တော်က တဏှာကြီးတတ်တဲ့သူ မဟုတ်ရပါဘူး နုလုံးသားနုနုလေးနဲ့ တကယ့်ကို စာနာတတ်သူလေးပါ..။ ပုံ ဂျိုဆွန်းခေါတ်ရောက်ရှိသွားသော အချောလေးကင်နန်းဂျွန် namkook