အပိုင်း ၉

553 90 27
                                    

Z&U

"မိဖုရားကြီးက ရဲတင်းနေလိုက်တာ ဟက်"

ခပ်တိုးတိုးရယ်သံကြောင့် သူ့ရင်ထဲစူးခနဲအောင့်ကာ မောဟိုက်လာလေသည်။ မှတ်ဉာဏ်တွေကလည်း ဝေတေဝါးတားဖြင့် ဘာတွေကိုမြင်နေမှန်းမသိပေ။ အသက်ကိုပြင်းပြင်းပြပြရှူရှိုက်ကာ ​နောက်လှည့်ကြည့် လိုက်လေသည်။

"မောင်မင်းက ငါလိုမိဖုရားကြီးကို မခန့်လေးစားပြုမူရဲ တယ်ပေါ့"

"သရုပ်ဆောင်သိပ်တော်တာပဲ မိဖုရားကြီး ဘယ်လိုလုပ်မလဲ ကိုယ်ကမင်းရင်ထဲထိထွင်းဖောက် မြင်နေရတော့ ခက်တယ်"

ခပ်ချောချောမျက်နှာအပြင် သူနဲ့တန်းတူအရပ်ကြောင့် အနည်းငယ် ရှိန်သွားသော်ငြား ဟက်ခနဲရီလိုက်မိလေ သည်။ နေပါဦး အခုသူကယောက်ျားတစ်ယောက်က စလိုက်ခြင်းကိုခံနေရတာလား..။ ဘယ်လိုဖြစ်နေပါလိမ့် ကင်နန်းဂျွန် နန်းတွင်းထဲရောက်မှ စွန်လှချည်လား။
မင်းကြီးကတစ်မျိုး အရှေ့ကလူကတစ်မျိုး..။

"ဟန် အခုရင်နည်းနည်းတော့ခုန်နေတယ် ဒါပေမဲ့ မောင်မင်းက ငါ့ရဲ့ချစ်သူလောက်မလှဘူး ဘယ်လိုလုပ် မလဲ"

"မင်းကြီးကို အဲ့လောက်ထိ ပြစ်ကြွေသွားတယ်ပေါ့ အခုတော့ စစ်သူကြီးကိုမေ့နေတယ်ပေါ့ ဂျွန်းလေး"

ဂျွန်းလေးလို့ခေါ်လိုက်ချိန် သူ့ရင်ထဲမောပန်းကာ အသက်ကိုလုရှုနေရသည်လေ။ ရင်တွေလည်း တစ်ဒုန်းဒုန်းခုန်ကာ ခေါင်းထဲမူးမိုက်ကာ ဂျွန်းလေး ဟုသောအသံတွေကို ထပ်ကာထပ်ကာ ကြားနေရသည်လေ။

သူဝေဒနာတွေမခံစားနိုင်၍ ရင်ဘတ်ကိုထုကာ ခပ်ဖြည်းဖြည်း အသက်ရှုနေမိသည်။ သို့သော်ငြားတင်းကျပ်နေတဲ့ ရင်အစုံကတော့ ပျက်ပျယ်မသွားပေ။ ဘာလို့လဲ ဘာလို့ဒီလူကသူ့ကို အခုလိုဖြစ်စေတာလည်း ဘာလို့လဲလေ...။ အဖြေမရှိ တဲ့ question mark သာတစ်သီကြီးဖြစ်နေတဲ့ သူ့ရဲ့အတွေးတွေကိုတော့ မည်သူကမှဖြေမပေးခြေ။

"မောင်မင်း ထွက်သွားစမ်း!!"

"ဂျွန်းလေး ဘယ်လိုဖြစ်...."

"ထွက်သွားလို့ပြောနေတယ် ထွက်သွားစမ်း!!"

နန်းဂျွန်ကိုယ်တိုင်မထိန်းချုပ်နိုင်ဘဲ နာကျည်းစွာအော် လိုက်မိလေသည်။ သို့သော်ငြား ကိုယ်တိုင်မသိလိုက် ပါပဲမျက်ရည်တွေကျပြီး ရင်ဘတ်ထဲကအလွန်အမင်း နာကျင်လာကာ အမှောင်ထုထဲရောက်ရှိသွားလေတော့သည်။

မိဖုရားခြောက် (Queen is gay)Tempat cerita menjadi hidup. Temukan sekarang