Z&U
" ဦးလေးကြီး သားဗိုက်ဆာတယ် ဘာမှမရှိဘူးလား"
"လူမနေတာ ၃ လလောက်ရှိနေတဲ့အိမ်မှာ ဘာရှိမှာလဲကွာ ခဏနေအုံး ကြက်ကျော်ဆိုင်ကိုဖုန်းဆက်လိုက်မယ်"
နန်းဂျွန်အပေါ်ပိုင်းမှာ ချွေးတွေနဲ့ကပ်နေတဲ့ အင်္ကျီကိုချွတ်ကာ မျက်စိရှေ့ကအမှိုက်တွေကို ကောက်ကာလွင့်ပစ်လိုက်သည်။ ကိုယ့်အိမ်ကိုယ့်ယာဆိုပေမဲ့ မနေတာကြာသည်မို့ အမှိုက်အချို့နဲ့ပင့်ကူအမျှင်အချို့က နေရာယူနေခြေပြီ။
"ဟလို အဘိုးကြီးကြက်ကျော်ကို လာပို့....."
"တိတ်စမ်း လာစားလှည့် လာပို့စရာလားကွ!"
အဖိုးကြီးကလေသံမပြောင်းသေးသည်မို့ နန်းဂျွန်ခေါင်းကိုသာ ခါလိုက်မိသည်။ သေခြာပေါက် ဒီအဖိုးကြီးဒေါင်ဒေါင်မြည်နေမှာ။ နန်းဂျွန်သာ ချော်လဲပြီးဟိုဘက်ခေါတ်ရောက်ရတာနဲ့ စုံလို့။
ဟိုဘက်ခေါတ်ဆိုလို့ အိမ်ရှေ့စံကို နင့်နင့်နဲနဲသတိရမိသွားသည်မှာ ရင်ထဲတောင်သိမ့်ခနဲရယ်။ လက်ဆုပ်လက်ကိုင် ပြလို့မရတဲ့ထုထည်က သူ့ရင်ထဲအိမ်ရှေ့စံရယ်လို့ ဖြစ်တည်နေခဲ့ပြီးသား.....။
"ဦးလေးကြီးရဲ့ဆိုင်က ဘာပြောလဲဗျ သားကဆာလှပြီ"
နန်းဂျွန်ရဲ့အင်္ကျီမကပ်တဲ့ကျောပြင်ကို ပါးနဲ့အပ်သည့်အပြင် အကျောမျှင်အချို့ ယှက်သွယ်နေတဲ့လက်ဖြူဖြူက နန်းဂျွန်ရဲ့ခါးကိုရစ်နွယ်လာမှ နန်းဂျွန်အတွေးတွေထဲက နိုးထလာသည်။ နှလုံးသားထဲ အိမ်ရှေ့စံက ထုနဲ့ထည်နဲ့ ရှိနေခဲ့ပြီးသားဆို ဒီဆရာဝန်လေးကကော.....။
"လာမပို့လောက်ဘူး ငါတို့သွားစားရမယ်"
"ခ်ခ်"
ဗိုက်သားကအတော်အသင့်ထွက်နေသော ကြွတ်သားအချို့ကို ပွတ်သပ်နေသည့် ထိုလက်တွေကို အုပ်ကိုင်ပြီး လက်ချောင်းအချင်းချင်း သွယ်ယှက်ကာဖြေတော့ ရယ်သံသဲ့သဲ့ကနားထဲငြိမ့်ငြိမ့်ညောင်းညောင်း ဝင်လာသည်။
"ဦးလေးကြီး Gym ဆော့လား"
"ငါအဲ့လောက်ပိုက်ဆံမပေါဘူး"
လက်ဖြူဖြူတွေက နန်းဂျွန်ထိန်းကိုင်ထားသည့်တိုင် နန်းဂျွန်ရဲ့ ကြွတ်သားအစိတ်အပိုင်းတွေအပေါ် ခပ်ဖြည်းဖြည်းရွေ့လျားနေဆဲပင်။
KAMU SEDANG MEMBACA
မိဖုရားခြောက် (Queen is gay)
Fiksi Sejarahအထင်မလွဲကြပါနဲ့ ကျွန်တော်က တဏှာကြီးတတ်တဲ့သူ မဟုတ်ရပါဘူး နုလုံးသားနုနုလေးနဲ့ တကယ့်ကို စာနာတတ်သူလေးပါ..။ ပုံ ဂျိုဆွန်းခေါတ်ရောက်ရှိသွားသော အချောလေးကင်နန်းဂျွန် namkook