အပိုင်း ၂၅

292 46 6
                                        

Z&U

နန်းဂျွန်သစ်သီးအချို့ကို ခရင်းနဲ့ထိုစားရင်း ဒေါသတွေထွက်နေသည်။ ဒီခန္ဓာကိုယ်က စစ်သူကြီးဆီမှာ b ထိုင်တာအားမရသေး ဟိုအစ်ကိုတော် ၂ ရဲ့အောက်ကိုမှ ရောက်သွားသတဲ့လေ။ မကျေမချမ်းခြင်စရာဘဝ။

"မင်းတော်တော်ပျော့ညံ့တာပဲ ငါ၂၁ရာစုမှာဆို အဲ့ဒီယုံလွမ်းကို မော့ကြည့်စရာတောင် မလိုဘူး မော့ကြည့်ရရင်လည်း b တော့မထိုင်ရလောက်ဖူး သိလား ဒိုနှစ်ဒိုနဲ့ခါးပတ်နက်ပါ ရထားတဲ့ကောင် မင်းပဲပျော့ညံ့နေ"

"အဲ့တော့ ငါကသေလိုက်ရမှာလား"

"နင့်မေ့ဂျီးတော်သောက်ဂွ!!!"

နန်းဂျွန်တစ်ယောက်တည်း ရှေ့ကထောင်ထားတဲ့ ​ကြေမှုံကိုကြည့်ပြီး စကားပြောနေတုန်း နောက်ကနေဘယ်အချိန်ကမှန်းမသိ ရောက်နေတဲ့ ဖြူဖတ်ဖြူရော်နဲ့ နောက်တစ်ယောက်ကြောင့် နန်းဂျွန်ရင်ထဲဒိုင်းခနဲ။

"မလန့်ပါနဲ့ ကျွန်တော်မျိုးက ကင်နန်းဂျွန်ပါ"

"ဘာ!"

နိမ့်ချည်မြင့်ချည်ဖြစ်နေတဲ့ ရင်ဘတ်ကိုဖိကာ မှန်နားကဝေးဝေးကို ပြေးကပ်ရလေသည်။ အကောင်ကြီး ကြီးပြီး သရဲကြောက်တယ်မပြောနဲ့ သရဲကတော့ လူတိုင်းကြောက်တတ်တယ်။

"မလာနဲ့ ဗုဒ္ဓေါ ဓမ္မော သံဃော မဟုတ်ပါဘူး ဘုရားသားတော် ဘာဖြစ်တယ် ဘာလဲ မသိတော့ဘူး မသိတော့ဘူး ကယ်ကြပါဦး!"

"ဘာတွေရွတ်နေတာလဲ"

သရဲစုတ်မှာ မျက်နှာငယ်လေးနဲ့ မှန်ထဲကထွက်လာသော်ငြား နန်းဂျွန်ကတော့ တစ်ကိုယ်လုံး အေးစက်ကာ ကြောက်ချီးပန်းနေခြေပြီ။ လူ့ဘဝသက်တမ်းတစ်လျှောက် ဘယ်သရဲကိုမှ အကောင်လိုက်မမြင်ဖူးသူမို့ ပိုမိုကာသွေးပျက်နေရသည်လေ။ အကြွေးရှင်တွေထက် သရဲကိုပိုကြောက်တယ် အားးးးးးး............ ။

"မလာနဲ့! မလာနဲ့!"

"မလာပါဘူး အဲ့လောက်မကြောက်ပါနဲ့ ခုဏတော့ အားအင်တွေတတ်ကြွနေပြီး "

နှုတ်ခမ်းကိုအသာလေးဆူနေတဲ့ သရဲကြောင့် နန်းဂျွန်ချွေးသီးချွေးပေါက်တွေကို ပွတ်သုတ်ကာ ထွက်ပြေးဖို့ပြင်သော်ငြား တံခါးကဖွင့်မရခြေ။

မိဖုရားခြောက် (Queen is gay)Место, где живут истории. Откройте их для себя