အပိုင်း ၂၁

363 49 8
                                    

Z&U

ရေတံခွန်ထဲကငါးကို လိုက်ထိုးကာမီးမွှေးပြီး ကင်နေတော့ကောင်လေးက ရေချိုးနေလေသည်။ ငါးလိုက်ထိုးတာ သူမရလို့တဲ့ စိတ်ဆိုးနေတဲ့ပုံက ချစ်စဖွယ်။ ရေထဲကနေတတ်လာပြီးဘုကြည့်ကြည့်ကာ အဝတ်ဝတ်နှုတ်ခမ်းကိုလည်း ဘဲစူသလိုစူထားသေသည်။ ဒီကောင်ငယ်လေးဟာလေ။

"လာ ဒီမှာငါးကင် လျှာလည်သွားမယ်"

ငါးကင်ခေါ်ကျွေးတော့ ဘေးနားလာထိုင်ကာ စားနေလေသည်။ ဘယ်ဆိုးလို့လဲငါးက ချိုသားပဲ။
ကောင်လေးကိုလည်း ခွံရင်းကိုယ်တိုင်လည်းစားရင်း ကြည်စယ်နေသည်က နှစ်ယောက်သား ဟန်းနီးမွန်းထွက်လာသလို။

"ပြောပါဦး ဖခမည်းနော်ကိုလည်းမလွတ် မင်းကြီးကိုလည်း မလွတ်တဲ့အကြောင်းအရင်းလေး"

မင်းသားငယ်လေးခမျာ ထီးသုံးနန်းသုံးစကားတွေကိုတောင် မပြောနိုင်ခြေတော့ သိခြင်တာကိုသာအသည်းအသန်မေးမိတော့လေသည်။

"အာ ကိုယ်ကလွတ်ပါတယ် မလွတ်တာ ဟန်နိုင်ငံက ကင်နန်းဂျွန် ကိုယ်မဟုတ်ဘူး"

"အတူတူပဲလေ အဲ့တာခင်ဗျားပဲလေ မယ်တော်ကြီးရဲ့
ကျွန်တော်မျိုးကို ချုပ်ပြီးဟိုဒင်းလုပ်တာလည်း ခင်ဗျားပဲ ဟန်နိုင်ငံကနေစစ်သူကြီးကို ကြိုက်တာလည်းခင်ဗျားပဲ
ဖခမည်းတော်မင်းကြီးကို သေအောင်ချစ်တာလည်း ခင်ဗျားပဲ ဘာဖြစ်ခြင်တာလည်း"

ကိုယ့်ရင်ဘတ်ကို တစ်ဗုန်းဗုန်းထုရိုက်ကာ မျက်ရည်တွေတစ်လိမ့်လိမ့်ကျလာတဲ့ ​ကောင်လေးကြောင့် နန်းဂျွန်မှာထိုကောင်လေးကို ရင်ခွင်ထဲဆွဲသွင်းလိုက်လေသည်။ မတူဘူးဆိုတာကို သူဘယ်လိုပြောပြမှ ဒီပေါက်စနကယုံမှာလည်း။

"ကိုယ်ပြောမယ် နားထောင် အရင်ကဟန်နိုင်ငံကနန်းဂျွန်က မင်းကြီးကိုမချစ်ဘူး စစ်သူကြီးကိုချစ်တာ...."

စကားတောင်မဆုံးသေး နှုတ်ခမ်းတွေကိုက်ကာ အတင်းတွန်းလွတ်နေသည်မို့ သိမ်းကျုံးကာ ဖက်ရပြန်သည်။ ဒီဗလလေးကို ထိန်းရသိမ်းရတာ တကယ်ကြီး လွယ်မနေခဲ့ဘူးရယ်။

"မပြောနဲ့ တော်ပြီမကြားခြင်ဘူး"

"ဆုံးအောင်နားထောင်ပါဦးကွာ ကိုယ်ကဟန်နိုင်ငံက ကင်နန်းဂျွန်မဟုတ်ဘူး အနာဂါတ်ကကင်နန်းဂျွန်"

မိဖုရားခြောက် (Queen is gay)Место, где живут истории. Откройте их для себя