အပိုင်း ၁၄

439 66 15
                                    

Z&U

အိပ်ရာကစောစောထခြင်းမှာ ကိုယ့်အကျင့်မဟုတ်သော်ငြားလည်း ဒီဘဝရောက်တော့ အထိန်းတော်ကြီးကောင်းမှုကြောင့်နဲ့ စောစောစီးစီးနိုးလာလေသည်။ မျက်လုံးနှစ်လုံးက နိုးနေကြအချိန်ကိုသတ်မှတ်ထားကာ ဖြတ်ခနဲပွင့်သည်။ ထပ်အိပ်ခြင်နေသော်ငြား အိပ်လို့ပျော်မည်မဟုတ်။
အိပ်လိုမပျော်မှတော့ သူလည်းထလာလိုက်လေသည်။

"နိုးလာပြီပေါ့ မိဖုရားကြီး ကိုယ်တော်ကမိဖုရားကို လာစောင့်နေတာ"

ကုလားကာဆွဲဖွင့်တော့ မင်းကြီးကမိန့်မိန့်ကြီး ထိုင်နေသည်မို့ ပြေးဦးတိုက်ရမလိုရယ်။ သို့သော်ငြား သူအိပ်ရာကခုမှထကာ မျက်နှမသစ် သွားမတိုက်ရသေး သည်မို့ ခပ်လှမ်းလှမ်းကနေမတ်တပ်ရပ်ကာ လက်အုပ်ချီထားမိလေသည်။

"ရေသန့်စင်ပြီးမှ ပြန်ထွက်လာပါ့မယ် ဘုရား"

"ကောင်းပြီ ကိုယ်တော့အဆောင်မှာပြန်စောင့်နေမယ် မိဖုရားကြီး လာခဲ့ပါ"

မင်းကြီးထွက်သွားကာမှ မျက်နှာသစ်ရေမိုးချိုးကာ မနက်စာစားလိုက်လေသည်။ မနက်စာမစားလို့ကမရ။ လူကနိုးလာတာနဲ့ ဝမ်းကဟာသည်မို့ အမြန်ပြင်ခိုင်းလိုက်လေသည်။ တစ်ခါတစ်လေတော့ အသင့်စားခေါက်ဆွဲထုပ်တွေကို လွမ်းသား။ ကြက်ကျော်နဲ့ဘီယာလေးများ သုံးဆောင်လိုက်ရရင်ဖြင့် ကင်နန်းဂျွန်ဝမ်းဟာနေတာအလွန်တရာ ပြီးပြည့်စုံသွား လိမ့်မည်လေ။

အားလုံးပြီးမှ အဆီတွေပေနေတဲ့ ပါးစပ်ကို အထိန်းတော်ကြီးကသုပ်ပေးကာ နှုတ်ခမ်းနီတွေဆိုးပေး ပြန်လေသည်။ ပြီးတော့လည်း ပန်းနုရောင်ဝတ်ရုံပါးပါး တွေပဲဆင်ထားသည်မို့ သူ့မှာဗလကြီးနှင့်နွဲ့နေသည့်အတိုင်း။ သူမတွေးခဲ့ဘူးပါ သူဘယ်တော့မှ ကွေးသွားလိမ့်မယ်လို့။ သို့သော်ညား ကွေးရုံသာမက မိန်းမအဝတ်အစားတွေပါ ဝတ်နေရပြီတဲ့လား။ သူများတွေကို လိမ်ခဲ့တဲ့အကျိုးကျေးဇူးတွေ။

"မိဖုရားကြီးကို ကိုယ်တော်မျှော်နေတာ"

ဒဏ်ရာကြောင့်အနည်းငယ် ဖြူဖျော့နေသော မင်းကြီးက အခုတလောသဘောတွေစွတ်ကောင်းနေသည်မို့ သူအံ့တွေတောင်သြနေရသည်လေ။

မိဖုရားခြောက် (Queen is gay)حيث تعيش القصص. اكتشف الآن