Zawgi
ရက်ကိုလစား မစားတော့မသိ သူဒီမှာနေရတာတော့ တစ်ရက်ကိုတစ်ကမ္ဘာလောက် ထင်သည့်အထိကို ကြာညောင်းလေသည်။ ဘာမှလုပ်စရာမရှိ၍ အပြာစာအုပ်တွေ ထိုင်ဖတ်နေသည်မှာလည်း reversion အခေါက်တစ်ရာလောက်ပင် ပြန်ပြီးနေခြေပြီ။ တစ်ခါလာလည်း နန်းတွင်း အလှလေး တစ်ခါလာလည်း နန်းတွင်းအလှလေး ထပ်ကာထပ်ကာ ကျော့နေရ၍ သူလည်းဖီလ်းမလာတော့ခြေ။
"မယ်မယ်ဖုရား အိမ်ရှေ့စံဂျွန်ဟိုဆော့ ဝင်ခွင့်တောင်းနေပါတယ် ဘုရား"
အိမ်ရှေ့စံဆိုသောကြောင့် ခေါင်းသာငြိမ့်ပြရလေသည်။ တကယ်တော့ သူကဘယ်သူ့မှသိသည် မဟုတ်ခြေ။
"နန်းဂျွန် ဘယ်လိုဖြစ်ပြီး မိဖုရားနေရာကို တတ်ခွပြီးယူလိုက်တာလည်း ရူးနေပြီလား"
အိမ်ရှေ့စံဆိုတဲ့ သူကတွေ့တွေ့ခြင်းဤစကားပြောသော ကြောင့် သူနှင့်အတူရင်းနှီးမည်ဟု ခန့်မှန်းရလေသည်။
"မမှတ်မိဘူးဘာမှ အတိတ်မေ့နေတယ် အဲ့ဒါကြောင့်ဘာလို့ မင်းကြီးကို လင်တော်ခဲ့လဲမသိဘူး"
"ဟမ်"
မျက်လုံးမျက်ဆံပြူးနေသော အိမ်ရှေ့စံကိုမကြည့်အား စိတ်ညစ်ညူးကာ အရှေ့က ခြထားသော ဆန်မုန့်တွေကိုသာ နှိုက်စားနေမိသည်။
"တကယ်ပဲမမှတ်မိဘူးလား ဒါဆိုဟန်နိုင်ငံကိုရော မင်းရဲ့အစ်ကို၇ယောက်ကိုကော မမှတ်မိတော့ဘူးလား"
"အထိန်းတော်ကြီးပြောပြလို့သိသင့်သလောက်သိပြီးပြီ
ဒါပေမဲ့လည်း မှတ်မိလာတာတော့မရှိသေးဘူး"သူ့အရှေ့တွင် ရောက်ယက်ခတ်နေသော အိမ်ရှေ့စံဆိုသူကိုကြည့်ကာ သူကိုယ်တိုင်ပင်ချွေးပျံနေလေသည်။
"အစ်ကိုတော် ဆော့ဂျင်ကနေ့မကူးခင် ဒီကိုရောက်မယ် လို့စာပို့ထားတယ် သိလားအဲ့ဒါကော"
"အထိန်းတော်ကြီးပြောပြလို့သိပြီးပြီ အစ်ကိုတော်ဆော့ဂျင်က နန်းရိုက်နန်းရာ ခံမယ့်မင်းသား ငါ့တို့မင်းသား ၈ ယောက်ထဲအကြီးဆုံး ငါကအငယ်ဆုံး"

ESTÁS LEYENDO
မိဖုရားခြောက် (Queen is gay)
Ficción históricaအထင်မလွဲကြပါနဲ့ ကျွန်တော်က တဏှာကြီးတတ်တဲ့သူ မဟုတ်ရပါဘူး နုလုံးသားနုနုလေးနဲ့ တကယ့်ကို စာနာတတ်သူလေးပါ..။ ပုံ ဂျိုဆွန်းခေါတ်ရောက်ရှိသွားသော အချောလေးကင်နန်းဂျွန် namkook