Z&U
အေ့
သူဂျို့ထိုးသည်နှင့် လက်တလောအဖြစ်အပျက်ဆီ ပြန်လည် ရောက်ရှိလာလေသည်။ စစ်သူကြီးနဲ့ တိုက်ခိုက်နေတဲ့ ထိုလူကတော့ ဓားကိုကျစ်ကျစ်ဆုပ်ကိုင် ထားကာလေထဲတွင် တန်းလန်းဖြစ်နေလေသည်။ ထိုလူ့ရင်ဝ တွင်တော့ နန်းဂျွန်ကိုယ်တိုင် ထိုးစိုက်လိုက်ပါသော ဓားမြောင်ငယ်တစ်ခု..။
လက်ပေါ်သို့ တစ်ပေါက်ပေါက်နဲ့ကျလာသော သွေးတွေကို ကြည့်ကာမှ သတိပြန်ရလာလေသည်။
တစ်ဆတ်ဆတ် တုန်ရီနေသော လက်ကိုဖိကိုင်ကာ
အံသေသလိုဖြစ်နေသော လက်ကို ဓားမှခပ်ဖြည်းဖြည်း ခွာယူလိုက်လေသည်။ တော်သေးတာပေါ့ သူစိုက်လိုက်တဲ့ နေရာကနှလုံးမဟုတ်လို့ မသေနိုင်လောက်ဘူးလေ။ တော်သေးတာပေါ့။
သူဘာလို့များ ထိုလူကို ဓားနဲ့ထိုးလိုက်ပါလိမ့်လေ။"ကိုယ်တော့်ကိုတောင် သတ်ဖို့လက်မရွံ့တော့ဘူးပဲ နန်းဂျွန် နောက်မှတွေကြတာပေါ့ ရွှီး"
ရွှီးခနဲလေချွန်သံအဆုံး အနက်ရောင်မြင်းကြီးက အပြေးရောက်လာလေသည်။ စစ်သူကြီးဇိုဒီက ဤသူအားလိုက်တိုက်ခိုက်တော့မည် ပြုသောကြောင့် လက်ကိုသာ အသာလေးဆွဲထားမိလေသည်။ သူ့လက်တွေသူပြန်ကြည့်မိသည်။ သူကိုယ်တိုင် ထိုလူ့ရင်ဘတ်ကိုစိုက်ခဲ့တဲ့ ဓားကို သူတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ခဲ့တာ။ ထိုလူကတော့ မြင်းနက်ကြီးကို စီးကာ လှိုင်ခေါင်းအနက်ဆုံးထဲ ဝင်သွားလေသည်။
ဘာမှန်းမသိတဲ့ စိတ်ခံစားမှုအပြင် ထိုလူမသေလောက်ပါဘူး ဆိုတဲ့အတွေးက သူ့ကိုပိုပြီး သက်သာစေသည်။ ဟူးခနဲသက်ပြင်းခြပြီး လှည့်ထွက်လိုက်တော့ စစ်သူကြီးက သူ့ကိုအံ့သြဟန်နဲ့ ကြည့်နေသေးသောကြောင့် နတ်ဆရာမကို ဆွဲကာဂူအပြင်ကိုပဲ ထွက်လာလိုက်လေသည်။
"မိဖုရားကြီး"
ဓားတစ်ချောင်းကို ခပ်ကျစ်ကျစ်ဆုပ်ကိုင်ပြီး နတ်ဆရာမကို ကိုယ်ရံတော်တွေဆီပေးလိုက်လေသည်။
ကောင်လေးကတော့ သူ့ကိုဂရုတစ်စိုက်ကြည့်နေလေရဲ့။"မင်းကြီးမြှားဒဏ်ရာသင့်လို့ နန်းတော်ကို အမြန်ဆုံးပို့ လိုက်ရပါတယ် မိဖုရားကြီး"
![](https://img.wattpad.com/cover/256525781-288-k704498.jpg)
YOU ARE READING
မိဖုရားခြောက် (Queen is gay)
Historical Fictionအထင်မလွဲကြပါနဲ့ ကျွန်တော်က တဏှာကြီးတတ်တဲ့သူ မဟုတ်ရပါဘူး နုလုံးသားနုနုလေးနဲ့ တကယ့်ကို စာနာတတ်သူလေးပါ..။ ပုံ ဂျိုဆွန်းခေါတ်ရောက်ရှိသွားသော အချောလေးကင်နန်းဂျွန် namkook