စာမေးပွဲတွေ နီးလာတော့ ရှောင်းကျန့်လည်း ဆိုင်ကို သိပ်မကူတော့ဘဲ စာပဲကုန်းလုပ်တော့တာ။ အမှတ်ကောင်းကောင်းရအောင်လုပ်မယ်။
ဆရာဝန်ဖြစ်ချင်တယ် အင်ဂျင်နီယာဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်ကြီးကြီးတွေမရှိပေမယ့် အမှတ်များတော့ ရွေးချယ်ချင်တဲ့တက္ကသိုလ်ဝင်ခွင့်ကို မျက်စိမှိတ်ဖြေနိုင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခုနဲ့ စာချည်းလုပ်ဖြစ်နေတယ်။
ဇက်ကြောနည်းနည်းတက်လာသလိုခံစားရတာမို့ မကြာခင်ကမှ မှုန်လာတဲ့မျက်စိကြောင့် တပ်လိုက်ရတဲ့ စာကြည့်မျက်မှန်ကို ချွတ်ရင်း လည်ပင်းကြောဖြေလျော့တယ်။
"ကိုကို..."
အသံလာရာလှည့်ကြည့်တော့ တံခါးနားမှာကုပ်ချောင်းချောင်းနဲ့ ရိပေါ်။
"ရိပေါ် လာလေ"
လက်ထဲမှာလည်းရေခဲမုန့်နှစ်ခွက် ချိုင်းကြားထဲမှာတော့ စာအုပ်တစ်အုပ်ကညှက်လို့။
"စာမေးမလို့လား"
"ဟုတ်ဘူး စာမေးခိုင်းမလို့"
"အမ်?"
"ရော့ ရေခဲမုန့်အရင်စား... ဇက်ညောင်းနေတာလား... သားနှိပ်ပေးမယ်လေ"
ရေခဲမုန့်နှစ်ခွက်ကို စားပွဲပေါ်တင်လိုက်ပြီး ရှောင်းကျန့်ပုခုံးပေါ်လက်တွေတင်လို့ ခပ်ပြင်းပြင်းလေး နှိပ်နယ်ပေးတယ်။
ရယ်စရာကောင်းတယ်... ချစ်စရာကောင်းတယ်။ ဝမ်ရိပေါ်က ပျော်ရွှင်မှု အပိုင်းအစလေးတစ်ခု။
"အာ့ တော်ပြီ ရိပေါ်... ကိုကိုသက်သာသွားပြီ... ရေခဲမုန့်လာစားဦး ပျော်ကုန်မယ်"
ပြောစကားနားထောင်နေတဲ့အချိန်မျိုးဆိုတကယ့်ကြောင်ပုစိကလေးလိုမျိုး။
"Rainbow လား"
"အွန်း... ကိုကို့ဟာက choco mint... နည်းနည်းကျွေး"
သူ့ဟာလေးကိုမေးရုံပဲရှိသေး ရှောင်းကျန့်ရေခဲမုန့်က ပါသွားလေပြီ။ သဘောတကျ ခေါင်းကိုလှမ်းဖွပေးတော့ ရှည်နေပြီဖြစ်တဲ့ဆံပင်က ခပ်မှိုင်းမှိုင်းအုပ်အုပ်။
![](https://img.wattpad.com/cover/252185349-288-k717241.jpg)